DVB Logo
Home
မြန်မာသတင်း
ဘရာဇီးတွင် ထောင်ကိုမီးရှို့ပြီး အကျဉ်းသား ၂၀၀ နီးပါး ထွက်ပြေးလွတ်မြောက် (ရုပ်သံ)
DVB
·
October 1, 2016
ဘရာဇီးတွင် ထောင်ကိုမီးရှို့ပြီး အကျဉ်းသား ၂၀၀ နီးပါး ထွက်ပြေးလွတ်မြောက် (ရုပ်သံ)
Donate to DVB

ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့ အနောက်မြောက်ဘက် မိုင် တရာလောက် အကွာက ဂျာဒီနိုပိုလစ် ထောင်ကနေ အကျဉ်းသား အနည်းဆုံး အယောက် ၂၀၀ လောက် စက်တင်ဘာ ၂၉ ရက်နေ့က ဆန္ဒပြပွဲအတွင်း လွတ်ထွက်သွားခဲ့ပါတယ်။

ထောင်ပြေး တဝက်လောက်ကို နာရီပိုင်းအတွင်း ပြန်ဖမ်းနိုင်ခဲ့တယ်လို့ ပြည်နယ် ထောင်အာဏာပိုင် တွေက ပြောပါတယ်။

ထောင်သားနဲ့ အစောင့်တွေ သေဆုံး ဒဏ်ရာရမှု ဆိုင်ရာ ဘယ်လိုသတင်းစကားမှ ချက်ချင်း မရသေးပါဘူး။ မနက်ခင်း ထောင်သားအရေအတွက် ပုံမှန် စစ်ဆေးချိန်မှာ ထောင်တွင်း အဆောင်တခု က အချုပ်ခန်းတွေကို ထောင်သားတွေက မီးရှို့ခဲ့တယ်လို့ ပြည်နယ် အကျဉ်းဦးစီး အရာရှိတွေက ပြောပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ထောင်သားတွေက ၁၃ ပေမြင့်တဲ့ လုံခြုံရေး တံတိုင်းကို ကျော်ပြီး အနားက ကြံစိုက်ခင်းနဲ့ မြစ်တွေတလျှောက် ထွက်ပြေးခဲ့ကြတာပါ။ ဒီထောင်ဟာ ထောင်သား အယောက် တထောင် လောက်ကို ထိန်းသိမ်းဖို့ ဆောက်ထားပေမယ့် အခင်းဖြစ်ချိန် မှာ ထောင်သား ဦးရေ ၁၈၀၀ကျော် ရှိနေခဲ့တယ် လို့ ဒေသခံ သတင်းစာက အကျဉ်းဦးစီး အရာရှိတွေကို ကိုးကား ဖော်ပြပါတယ်။

ထောင်တွေမှာ လူတွေ ကြပ်ညပ်နေတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေအပေါ် အစိုးရ အာဏာပိုင်တွေ မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ အဲဒီထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ ထောင်သားတွေက ဘယ်လိုရာဇဝတ်မှုတွေကို ကျူးလွန်ထားလဲ ဆိုတဲ့ သတင်းအချက်အလက် တောင်းခံမှုလဲ အကြောင်းမပြန် ခဲ့ပါဘူး။

ဘရာဇီးနိုင်ငံအတွင်း ထောင်သားတွေ ထွက်ပြေးတာ ဆန္ဒပြတာတွေဟာ မကြာခဏ ဖြစ်နေကျပါ။ ထောင်တွင်း အခြေအနေတွေ အတွက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်နေခဲ့တာလဲ ကြာလှပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013