DVB Logo
Home
မြန်မာသတင်း
အာဆီယံကို စံပြအဖွဲ့အစည်းအဖြစ်မြင်တွေ့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
September 30, 2016
အာဆီယံကို စံပြအဖွဲ့အစည်းအဖြစ်မြင်တွေ့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Donate to DVB

အာဆီယံအဖွဲ့ကြီးကို ကမ္ဘာ့တခြားအဖွဲ့အစည်းတွေက စံနမူနာပြု အတုယူရတဲ့ စံပြအဖွဲ့အစည်း အဖြစ်မြင်တွေ့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
ဒီကနေ့ မနက် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဖွင့်ပွဲမှာ ပြောသွားတာပါ။

“ကျမတို့ အာဆီယံ အဖွဲ့အစည်းကြီးရဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်ချက်တွေဟာ လူသား ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို အရင်းတည်ပြီးတော့ ပေးဆပ်ခြင်းကို ရယူခြင်းထက် အမှန်တကယ် တန်ဖိုးထားတဲ့ အသိုက်အ၀န်းတစ်ခုအဖြစ် ကမ္ဘာတ၀န်းလုံးမှာ ရှိတဲ့ တခြားအဖွဲ့အစည်းတွေ တခြားအသိုက်အ၀န်းတွေက စံနမူနာပြု အတုယူရတဲ့ စံပြ အဖွဲ့အစည်းတခုအဖြစ် မြင်တွေ့ချင်ပါတယ်”လို့ပြောပါတယ်။

ပြည်သူ့အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ရတာ၊ ပြည်သူတွေအတွက်ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးမားမားမတ်မတ်ရပ်တည်ပေးရတာနဲ့ ကိုယ်စားလှယ်သက်တမ်း ကုန်တဲ့အခါ ပြည်သူတွေအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ ပြောနိုင်တာေ လာက် ဂုဏ်ယူ စရာကောင်းတာ ဘာမှမရှိဘူးလို့လည်းပြောပါတယ်။

ဒါ့အပြင် ဒေါသတရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်ခြင်း တရားတွေနဲ့ ကြုံတွေ့ရသူတိုင်းသူတို့နဲ့ ဆန့်ကျင်ဘက်က ရပ်တည်ပေးဖို့ ကရုဏာ အကြင်နာ မေတ္တာတရား တွေနဲ့ သူတပါးရဲ့ ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးဖို့လည်း အာဆီယံ လွှတ်တော် အမတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ပန်ကြားသွားပါတယ်။

အန်အယ်လ်ဒီ အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပင်လုံညီလာခံ ကျင်းပပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ကို ဝိုင်းကူညီပေးဖို့ ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ၁၉၄၈ မှာ ပါလီမန်ဒီမိုကရေစီစတင်ခဲ့ပေမယ့် မကြာခင်မှာဘဲ ပါလီမန်ဒီမိုကရေစီဆုံးရှုံးခဲ့ပြီး၊ အခုမှ ပြန်စနိုင်ခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တာဝန်ကြီးပြီးလူထုပေါ်မှာ တာဝန်ခံရမည်ဖြစ်ကြောင်း၊ ဒါကြောင့် ဥပဒေပြုသူတွေဟာ ဥပဒေချိုးဖောက်သူတွေ မဖြစ်သင့်ကြောင်လည်း ပြောသွားပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၃ရက်နေ့အထိ ကျင်းပမယ့် ဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ဆိုင်ဘာလုံခြုံရေး၊ ရေသယံဇာတနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီညီလာခံကို ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဦးဆောင်ကျင်းပမှာဖြစ်ပြီး ညီလာခံမှာအဖွင့်မိန့်ခွန်းပြောသွားပါတယ်။

မြန်မာ သမ္မတဦးထင်ကျော်ကလည်း လက်ရှိအချိန် ဒေသတွင်းမှာ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်တွေ ပပျောက်စေရေးအပါအဝင် စိန်ခေါ်မှုတွေ အမြောက်အမြားနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီညီလာခံကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013