
မြဝတီမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇွန် ၂၅ ရက်က မြန်မာစစ်အာဏာရှင်တပ်ဘက်က ပစ်ခတ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မာဟဝမ်းတိုက်နယ်၊ မဲ့ကော့ကင်းရွာက အိမ် ၂ လုံး ထိခိုက် ပျက်စီး သွားတယ်လို့ သိရပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ဟာ ခလူးကြီးရွာနားမှာ စစ်တပ်ကို သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်က လက်နက်ကြီး ၅ ချက်ပစ်သလို လက်နက်ငယ်နဲ့လည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်နက်ကြီး ကျည်စတွေထိမှန်လို့ ထိုင်းဒေသခံ အိမ် ၂ လုံး ထိခိုက်ခဲ့ရပြီး ကျည်စတွေကို စစ်ဆေးရေးအဖွဲ့က စစ်ဆးရာမှာ မြန်မာစစ်တပ်ရဲ့ ကပစထုတ်လို့ ယူဆကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းစစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်မှာ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး လုံခြုံရေး တင်းကြပ်နေတယ်လို့လည်း သိရပါတယ်။










