DVB Logo
Home
နိုင်ငံတကာ
တောင်ဆူဒန်တွင် လေယာဉ်ငယ်ပျက်ကျပြီး ၁၄ ဦး သေဆုံး
DVB
·
April 28, 2026
Photo: REUTERS/Samir Bol
Photo: REUTERS/Samir Bol
Donate to DVB

တောင်ဆူဒန်နိုင်ငံ မြို့တော်ဂျူဘာရဲ့ အနောက်တောင်ဘက်မှာ ဧပြီ ၂၇ ရက်က လေယာဉ်ငယ်တစင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါတဲ့ လူ ၁၄ ယောက်လုံး သေဆုံးခဲ့တယ်လို့ နိုင်ငံရဲ့ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။

City Link Aviation က လုပ်ငန်းဆောင်ရွက်နေတဲ့ ဆက်စ်နာ 208 ကာရာဗန် လေယာဉ်ဟာ ယဲမြို့ကနေ ဂျူဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ ပျံသန်းနေချိန်မှာ လေကြောင်းထိန်းချုပ်ရေးနဲ့  အဆက်အသွယ် ပြတ်သွားတယ်လို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်မှာ ထွက်ခွာခဲ့ပြီး ၉ နာရီ ၄၃ မိနစ်မှာ အဆက်အသွယ် ပြတ်သွားတာလို့ သူတို့က ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၃ ယောက်နဲ့ လေယာဉ်မှူးတယောက်၊ ကင်ညာနိုင်ငံသား ၂ ယောက်နဲ့ တောင်ဆူဒန်နိုင်ငံသား ၁၂ ယောက် တင်ဆောင်ထားပါတယ်။

ကနဦး သတင်းအချက်အလက်တွေအရ လေယာဉ်ဟာ မြင်ကွင်းမကောင်းခြင်း အပါအဝင် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013