
ဖိလစ်ပိုင်နိုင်ငံမှာ လောင်စာဆီဈေးတက်တာကို ကာကွယ်ဖို့ မတ် ၁၉ ရက်က ပို့ဆောင်ရေးအဖွဲ့တွေ နိုင်ငံတဝန်း ဆန္ဒပြနေပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေနံဈေးနှုန်း တက်နေချိန်မှာ ဖိလစ်ပိုင်ကားသမားတွေ ဝင်ငွေ ဆုံးရှုံး လာတာ၊ ကုန်ကျစရိတ်များတာတို့နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ကားသမားတွေအတွက် မျှတတဲ့ လောင်စာဆီဈေးနှုန်း လိုအပ်ကြောင်း၊ အခွန် ထပ်တိုး ကောက်ခံမှုတွေကို အစိုးရက ရပ်ဆိုင်းဖို့နဲ့ လောင်စာဆီပေါ်မှာ အခွန်ကောက်ခံမှုတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဆီဈေးတက်လာတာနဲ့အမျှ ကားသမားတွေ ဝင်ငွေနည်းလာပြီး အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဆီတင်သွင်းမှုဟာ အရှေ့အလယ်ပိုင်းကနေ အဓိက တင်သွင်းတာဖြစ်ပြီး အီရန် စစ်ပွဲကြောင့် ဈေးတက်တဲ့ဒဏ်ကို အဓိကခံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ရေနံဈေးနှုန်းဟာ ၁၀၉ ဒေါ်လာအထိ ပြန်လည် မြင့်တက်လာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရေနံဈေးနှုန်းဟာ အီရန်စစ်ပွဲ မဖြစ်ခင်က တစည်ကို ဒေါ်လာ ၆၀ ကနေ ၇၀ ကြားသာ ရှိခဲ့ပေမဲ့ လက်ရှိ ကြာသပတေးနေ့ ဈေးနှုန်းအရ ၁၀၉ ဒေါ်လာအထိ တက်လာတာဖြစ်ပါတယ်။
Source: Reuters











