DVB Logo
Home
နိုင်ငံတကာ
ထိုင်းမိန်းကလေးအား သတ်ဖြတ် အလောင်းဖျောက်ခဲ့သည့် ဩစတြေးလျနိုင်ငံသားကို လူသတ်မှုဖြင့် စွဲချက်တင်
DVB
·
June 29, 2026
Photo: Pattaya Provincial Police/Handout via REUTERS
Photo: Pattaya Provincial Police/Handout via REUTERS
Donate to DVB

ထိုင်းနိုင်ငံမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတယောက်ကို သတ်ဖြတ်ပြီး ခရီးဆောင်အိတ်ထဲ ထည့်သွင်း ဖျောက်ဖျက်တယ်လို့ သံသယရှိတဲ့ ဩစတြေးလျနိုင်ငံသားကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

သေဆုံးသူဟာ ကာလာဆင်ခရိုင်က တန်ချာနော့ ဒွန်ဟွမ်လာ ဆိုတဲ့ မိန်းကလေးဖြစ်ပြီး ဇွန် ၂၆ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်မှာ ပျောက်ဆုံးသွားတယ်လို့ မိသားစုက တိုင်ကြားခဲ့တာပါ။

ဇွန် ၂၇ ရက် မနက်အစောပိုင်းမှာတော့ ပတ္တရားမြို့ ရထားလမ်းအနီးမှာ မိန်းကလေးရဲ့ ရုပ်အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ကာ စွန့်ပစ်ထားတာ တွေ့ရှိခဲ့ရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဩစတြေးလျနိုင်ငံသား ဆိုင်မွန် ပီတာ ကားမန်းကို ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဇွန် ၂၅ ရက်က သူတို့နှစ်ယောက် တိုက်ခန်းထဲ အတူဝင်သွားခဲ့ပြီးနောက် ညပိုင်းမှာ ကားမန်းက ခရီးဆောင်အိတ်ကြီးတလုံးကို ဆိုင်ကယ်ပေါ်တင်ကာ ရထားလမ်းဘက် မောင်းထွက်သွားတာ စီစီတီဗီ မှတ်တမ်းတွေမှာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအတွက် ဘတ် ၁,၀၀၀ ပေးဖို့ သဘောတူထားပေမဲ့ ဘတ် ၅၀၀ ပဲ ပေးတဲ့အတွက် စကားများ ရန်ဖြစ်ခဲ့တယ်လို့ ကာမန်က ထွက်ဆိုထားပါတယ်။

ဒါပေမဲ့ မိန်းကလေးကို သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ မိမိကိုယ်ကိုယ် ကာကွယ်ခဲ့တာသာဖြစ်ကြောင်း ငြင်းဆိုထားသလို သူ့ကိုယ်ပေါ်က ကုတ်ခြစ်ရာတွေဟာလည်း ပင့်ကူကိုက်ခံရတာလို့ သူက အကြောင်းပြထားပါတယ်။

မိန်းကလေးရဲ့ မိသားစုထံ သူက “ခင်ဗျားတို့သမီးအတွက် စိတ်မကောင်းဖြစ်ရသလို ဒါဟာ ကျနော့် ထိန်းချုပ်မှု ပြင်ပမှာ ဖြစ်သွားတာပါ” လို့ ရုပ်သံကနေတဆင့် ပြောကြားခဲ့ပါတယ်။

သေဆုံးသူ မိန်းကလေးရဲ့ မိထွေးဖြစ်သူကတော့ တရားခံကို သေဒဏ်ပေးဖို့ လိုလားနေပြီး ပြစ်မှုထင်ရှားရင် ကားမန်းဟာ သေဒဏ်အထိ ကျခံရနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013