DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး မျက်နှာမလိုက်ဟု နိုဘယ်ဆုရှင် ကိုဖီအာနန် အာမခံ
DVB
·
September 5, 2016
ရခိုင်ပြည်နယ်အရေး မျက်နှာမလိုက်ဟု နိုဘယ်ဆုရှင် ကိုဖီအာနန် အာမခံ
Donate to DVB

ရခိုင်ပြည်နယ်အရေးပြဿနာ နည်းလမ်းအဖြေရှာဖို့ မျက်နှာမလိုက်ဘဲ အပြင်းအထန်ကြိုးပမ်း အားထုတ်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် မစ္စတာ ကိုဖီအာနန်က အာမခံပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆေုံပြီးနောက် ပြောကြားလိုက်တာပါ။

မစ္စတာ ဖီအာနန်က “အကြံပေးကော်မရှင်ဟာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် အကြံပြု နည်းလမ်းတွေကို ရှာဖွေဖို့ မျက်နှာမလိုက်ဘဲ အပြင်းအထန်ကြိုးပမ်း အားထုတ်သွားမယ်လို့ သင်တို့နဲ့ ရခိုင်ပြည်သူလူထုတွေကို ကျနော် အာမခံနိုင်ပါတယ်”လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဟာ ရခိုင်ပြည်နယ်ပြဿ နာ အတွက် အဖြေရှာဖို့ အကူအညီပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းပြောသွားပါတယ်။
“ဒီကိစ္စဟာ ကျမတို့ တည့်မတ်မျှတအောင် မလုပ်နိုင်ခဲ့တဲ့ကိစ္စဖြစ်တယ်၊ မှန်ကန်တဲ့အဖြေ မရှာနိုင်ခဲ့တဲ့ ကိစ္စတခုဖြစ်တယ်”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်ခေါင်းဆောင် ကိုဖီအာနန်ဟ]ာ ပြီးခဲ့တဲ့ စနေနေ့ ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ဖို့ ရှိနေပါတယ်။

အဖွဲ့ဝင် ၉ ဦးပါ ဒီကော်မရှင်မှာ ကိုဖီအာနန်အပါအ၀င် နိုင်ငံခြားသား ၃ ဦးပါဝင်နေတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက အပြင်းအထန်ကန့်ကွက်ထားသလို ကော်မရှင်ကို မြန်မာနိုင်ငံသားတွေနဲ့ သာဖွဲ့စည်းဖို့ လွှတ်တော်မှာလည်း အရေးကြီးအဆို တင်သွင်းဆွေးနွေးမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013