
စပါးအသင်းဟာ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး အီလီမန် အန်ဒေယာကို ပေါင် သန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီသဘောတူညီမှုမှာ စပါးတိုက်စစ်မှူး ရစ်ချာလီဆန်ကလည်း ပေါင် ၃၅ သန်းနဲ့ အဲဗာတန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့မှာပါ။
စပါးအသင်းဟာ လီဗာပူးတိုက်စစ်မှူး ဂက်ပိုကို ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် အန်ဒေယာကို အဓိက ပစ်မှတ်ထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အန်ဒေယာဟာ အဲဗာတန်အသင်းက ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်တွေကို ငြင်းပယ်ခဲ့သူပါ။ နည်းပြ ဒီဇာဘီကလည်း ရစ်ချာလီဆန်ဟာ စပါးအသင်းကနေ ထွက်ခွာချင်နေကြောင်း အတည်ပြု ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။











