
မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အစ်ပ်ဆွစ်ချ်တောင်းအသင်းနဲ့ တဂိုးစီ သရေကျခဲ့လို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကနေ ထွက်လာနိုင်ခဲ့ပေမဲ့ အခွင့်အရေး အများအပြား လွဲချော်ခဲ့မှုအပေါ် နောင်တရနေရတယ်လို့ နည်းပြက ပြောတဲ့အကြောင်း BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာ နီကိုဝီလျံရဲ့ ဂိုးနဲ့ ဖောရက်စ်က ဦးဆောင်ခဲ့ပေမဲ့ ၄၁ မိနစ်မှာ အစ်ပ်ဆွစ်ချ် တိုက်စစ်မှူး အန်စီဆိုက ချေပဂိုး ပြန်သွင်းခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဖောရက်စ်နည်းပြ အိုလီဗာဂလက်စနာက ဒုတိယပိုင်း ပွဲချိန်အတွင်း အနီကတ် ရသင့်တဲ့ ဖြစ်စဉ်အပေါ် ကွင်းလယ်ဒိုင်က အဝါကတ်သာ ပြခဲ့တာနဲ့ ပတ်သက်ပြီး အနီကတ် ပြသင့်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။
အခု ရမှတ် ၁ မှတ်ကြောင့် ဖောရက်စ်က ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို ရောက်ရှိလာပါတယ်။
Photo:Reuters











