နော့တင်ဟမ်ဖောရက်စ်ဟာ ချဲလ်ဆီးကို (၃-၁) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ ဂစ်ဘ်ဝှိုက်ရဲ့ အခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။
ဂစ်ဘ်ဝှိုက်ဟာ ချဲလ်ဆီးဂိုးသမား ဆန်းချက်ဇ်နဲ့ တိုက်မိပြီး ဦးခေါင်းကွဲခဲ့လို လူစားလဲခံခဲ့ရတာပါ။ ဒီနိုင်ပွဲကြောင့် ဖောရက်စ်ဟာ တန်းဆင်းဇုန်က ဝက်စ်ဟမ်းနဲ့ ၆ မှတ်အကွာ အဆင့် ၁၆ နေရာကို ရောက်ရှိသွားပြီး တန်းတင်ကျန်ဖို့ နီးစပ်လာတာ ဖြစ်ပါတယ်။
နည်းပြ ဗစ်တာပါရဲရားကတော့ ဂစ်ဘ်ဝှိုက်ဟာ ပြတ်ရှဒဏ်ရာသာဖြစ်လို့ ဗီလာနဲ့ကစားမဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂစ်ဘ်ဝှိုက်ကလည်း သူ့ရဲ့ချုပ်ရိုးဒဏ်ရာကို လူမှုကွန်ရက်မှာ ပြသခဲ့ပြီး အသင်းနိုင်ပွဲအတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။ ဖောရက်စ်ဟာ ပထမအကျော့မှာ ဗီလာကို (၁-၀) ဂိုးနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။










