နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလက်ပ်ကို ခေါ်ယူဖို့ ပေါင် သန်း ၅၀ တန်ကြေးရှိတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒီလက်ပ်ဟာ ဒီတပတ်အတွင်း ဆေးစစ်မှုခံယူပြီး စီးတီးဂရောင်းမှာ ရေရှည်စာချုပ် ချုပ်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။
ဒီလက်ပ်ရဲ့ ပြောင်းရွှေ့မှုဟာ တနှစ်အကြာမှာ ဖြစ်လာတာပါ။ သူဟာ လွန်ခဲ့တဲ့တနှစ်က အစ်ပ်စ်ဝစ်ချ်ကနေ ချဲလ်ဆီးကို ပေါင် ၃၀ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးကတော့ ဒီလက်ပ်ကို ဒီနွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ ပခုံးနဲ့ ပေါင်ခြံဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်မှာ တဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလက်ပ် ရောက်ရှိလာတာက ဖောရက်စ်တိုက်စစ်မှူးတွေဖြစ်တဲ့ ခရစ်ဝုဒ်နဲ့ အီဂေါ်ဂျီးဆပ်တို့အတွက် ပြိုင်ဆိုင်မှု ဖြစ်စေမှာပါ။











