
ပိုလန်နိုင်ငံဟာ သူ့တပ်ဖွဲ့တွေကို အလျင်အမြန် တိုးချဲ့လာတာနဲ့အမျှ စစ်ဘက်ဆိုင်ရာ ပစ္စည်းအသစ် တွေကို ပြသခဲ့ပြီး ပိုလန်စစ်တပ်က စက်တင်ဘာ ၇ ရက်မှာ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
ပိုလန်ဟာ ဥရောပမှာ အကြီးဆုံး အမြဲတမ်းတပ်မတော်ကို တည်ထောင်ဖို့ မျှော်လင့်နေပြီး ဝေးလံတဲ့ နေရာတွေက ကုန်စည်ပေးသွင်းသူတွေအပေါ် မှီခိုမှုကို လျှော့ချဖို့ ပြည်တွင်းနဲ့ တခြား ဗဟိုဥရောပ ကာကွယ်ရေးကုမ္ပဏီတွေဆီ ဦးတည်နေပါတယ်။
ပိုလန်ဟာ လက်နက်ဝယ်ယူတဲ့နိုင်ငံ အဖြစ်ကနေ အဓိကထုတ်လုပ်သူအဖြစ် ရွေ့လျားနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဝါဒစ်ဝက်ဖ် ကိုစီညက်-ကာမစ်ဇ်က ပြောခဲ့ပါတယ်။
ဒီပစ္စည်းကိရိယာတွေကို ကမ္ဘာတဝန်းမှာ ပြသပြီး ဝယ်ယူစေချင်တယ်လို့လည်း သူက ပြောပါတယ်။
ပိုလန်ဟာ တခြားဗဟိုဥရောပကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ အပါအဝင် ပြည်တွင်းကုမ္ပဏီတွေ ဆီက ကာကွယ်ရေးပစ္စည်း ဝယ်ယူမှုဆိုင်ရာ အကဲဖြတ်မှုဟာ ၂၀၂၂ ခုနှစ်ကစပြီး လေးဆနီးပါး မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၈ ဒသမ ၁၅ ဘီလီယံအထိ ရောက်ခဲ့တယ်လို့ ခွဲခြမ်းစိတ်ဖြာထားတဲ့ လက်နက်အေဂျင်စီရဲ့ အချက်အလက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ယူကရိန်း ပဋိပက္ခကြောင့် ဥရောပတဝန်းမှာ ကာကွယ်ရေးအသုံးစရိတ် မြင့်တက်လာပေမဲ့ ပိုလန်နိုင်ငံဟာ ယူကရိန်းနဲ့ နယ်စပ်ချင်းထိစပ်နေပြီး ရုရှားကို တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု တခု အဖြစ် ရှုမြင်ထားလို့ ကာကွယ်ရေးက ပိုလန်ရဲ့ ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
Source: Reuters











