DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ဒုရဲအုပ်နှင့်အဖွဲ့က ယာဉ်များကို ဖမ်းဆီးငွေညှစ်နေ
DVB
·
May 12, 2026
Photo: KKL
Photo: KKL
Donate to DVB

ဧရာဝတီတိုင်း မြောင်းမြခရိုင်မှာ ခရိုင်ရဲအရာရှိရဲ့ တပည့် ဒုရဲအုပ်နဲ့အဖွဲ့က ဂိတ်ထိုင်ပြီး ဖြတ်သန်း သွားလာတဲ့ ယာဉ်တွေဆီက အကြောင်းအမျိုးမျိုးပြ ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

မြောင်းမြခရိုင်ရဲမှူး သောင်းထိုက်ရဲ့ တပည့် ဒုရဲအုပ်နေမျိုးသွင်နဲ့ အဖွဲ့က စပါးတင်ကား၊ ဆန်တင်ကား၊ စားသောက်ကုန်တင်ကား၊ သစ်ကား၊ မီးသွေးကားတွေအပါအဝင် မြောင်းမြမြို့ အဝင်အထွက်ဂိတ်ကို ဖြတ်တဲ့ကားတွေကို လိုင်စင်မဲ့ယာဉ်၊ တန်ပိုတင်ဆောင်မှု တရားမဝင် ကုန်စည် တင်ဆောင်မှုလို့ ခေါင်းစဉ်တပ်ပြီး မေလ ပထမအပတ်က စတင် ငွေညှစ်နေတာလို့ သိရပါတယ်။

ဒေသခံ ကုန်ကားသမားတယောက်က “ခရိုင်ရဲမှူးနဲ့ ဒုရဲအုပ်က ပေါင်းပြီး လုပ်စားနေတာ။ အရပ်သားတွေက ဥပဒေနဲ့ညီနေလည်း အဖမ်းခံရတယ်။ မညီရင်တော့ ပိုဆိုးတယ်။ တောင်းတဲ့ ငွေပမာဏအတိုင်း မပေးဘူးဆို လူကို ဖမ်းဖို့လုပ်တာ” လို့ ပြောပါတယ်။

မြောင်းမြအဝင်အထွက် စစ်ဆေးရေးဂိတ်မှာ ထိုင်တဲ့ ဒုရဲအုပ်နဲ့အဖွဲ့ဟာ ခေါင်းစဉ်တခုအတွက် အနည်းဆုံး ငွေကျပ် တသိန်းကနေ ၁၀ သိန်းအထိ တောင်းယူနေတာဖြစ်ပြီး သစ်တင်ကား၊ မီးသွေးကားနဲ့ ဆန်စပါးကားတွေကို အဓိက ပစ်မှတ်ထား ငွေညှစ်နေတယ်လို့သိရပါတယ်။

မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “နေမျိုးသွင်က ဆရာဖြစ်တဲ့ ခရိုင်ရဲမှူး သောင်းထိုက် အရှိန်နဲ့ လုပ်ချင်သလို လုပ်နေတာ။ ရဲတပ်ဖွဲ့အချင်းချင်းလည်း အလေးမထားဘူး။ အဆင်မပြေတာတွေ ဖြစ်နေတယ်။ ရသမျှ အကြံအဖန် ငွေတွေကိုလည်း ၂ ယောက်ထဲ ပေါင်းယူ ခွဲယူနေတာ” လို့ ပြောပါတယ်။

ဒုရဲအုပ်နေမျိုးလွင်ဟာ စစ်ဆေးရေးဂိတ်တွေမှာသာ တာဝန်ချထားပေးဖို့ အထက်အရာရှိတွေဆီ လာဘ်ငွေထိုးကာ ကိုယ်တိုင် တောင်းဆိုခဲ့တဲ့သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရ ပါတယ်။

ဒါ့အပြင် ဒုရဲအုပ်နေမျိုးသွင်ရဲ့ အရပ်သားတွေပေါ်ပုံအမျိုးမျိုးနဲ့ ငွေညှစ်လုပ်ဆောင်မှုတွေကို မြို့နယ်ရဲမှူးတွေနဲ့ အရပ်သားတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေက ခရိုင်အဆင့်အထိ တင်ပြကြပေမဲ့ ခရိုင်ရဲမှူးက အရေးမယူဘူးလို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013