တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ချုံချင်းမြို့၊ ဝူးကျန်း မြစ်ဘေးမှာ ဇူလိုင် ၁၇ ရက်က မြေပြိုမှုဖြစ်ပြီး လူနေအဆောက်အအုံတချို့ ပိမိသွားတဲ့အတွက် လူ ဘယ်နှယောက် ပိတ်မိနေလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဖုန်းရွှေခရိုင် ဟန်ကျားရပ်ကွက်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၈ မိနစ်လောက်က မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။
မီးသတ်သမားတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်နေတာကို နိုင်ငံပိုင်ရုပ်သံက ပြသတဲ့ ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အပျက်အစီးတွေထဲကနေ လူ ၇ ယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။










