DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် ရေဘေးဒုက္ခသည် ၃ ဦးကို စစ်တပ်က PDF ဟု စွပ်စွဲဖမ်းဆီး
DVB
·
August 6, 2026
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ရေဘေးဒုက္ခသည် ၃ ယောက်ကို စစ်အာဏာရှင်တပ်က PDF ဆိုပြီး စွပ်စွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ် ၅ ရက် ည ၇ နာရီခန့်က လေးမျက်နှာမြို့နယ်၊ ရေဖြူကျေးရွာက မိသားစုတွေဆီ ရောက်နေတဲ့ ရေဘေးဒုက္ခသည် အရပ်သား အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိသူတယောက်က “မိသားစုတွေရှိတဲ့ ရေဖြူကျေးရွာကို ရေဘေးလာရှောင်နေတာ။ ဒုက္ခသည်တွေကို PDF ဆိုပြီး ဖမ်းသွားတာ။ အံ့သြလို့ ဘာမှကို မပြောတတ်သလောက်ပဲ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ရေဘေးဒုက္ခသည် ၃ ယောက်ဟာ အသက် ၃၀ အရွယ် ကိုစိုးမင်း၊ မကေသီနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ် စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “သတင်းပေးတဲ့သူ ရှိတာကြောင့် အဖမ်းခံရတာလို့ သိရတယ်။ ဘယ်ကိုဖမ်းသွားလဲ မသိသေးဘူး။ အဖမ်းခံရတာတော့ ဟုတ်တယ်။ တပ်ကဖမ်းတာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ရေဘေးရှောင်တွေဟာ သြဂုတ် ၁ ရက်က လေးမျက်နှာမြို့နယ်၊ ရေဖြူကျေးရွာကို ရောက်လာတာဖြစ်ပြီး သြဂုတ် ၅ ရက် ညပိုင်းက အဖမ်းခံရပြီးနောက် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013