ပေါ်တူဂီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဒိန်းမတ်နဲ့ပွဲမတိုင်ခင် အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် ၆ လကြာ ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း တည်းခိုရာ ကိုပင်ဟေဂင်ကနေ မက်ဒရစ်မြို့ဆီ သီးသန့်လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပေါ်တူဂီဝန်ကြီးချုပ်က သစ္စာဖောက်ခံလိုက်ရတယ်လို့ ခံစားနေရတဲ့ ရော်နယ်ဒိုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကြာသပတေးနေ့ မနက်စောစောပိုင်းမှာ မက်ဒရစ်မြို့ဆီ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။










