
ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘစ်ရှော့ မြန်မာနိုင်ငံကို ရောက်ရှိနေပေမဲ့လည်း စစ်အာဏာရှင် ဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကုလအထူးသံ ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရောက်ရှိခဲ့ပြီး နေပြည်တော်မှာ စစ်အာဏာရှင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖွယ်ရှိပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ ၂၀၂၅ ရွေးကောက်ပွဲအပြီး ပြောင်းလဲလိုက်တဲ့ စစ်အာဏာရှင်လက်ထက် ကုလသမဂ္ဂ အထူးသံရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပေမဲ့လည်း စစ်အာဏာရှင်တွေဘက်က အခုထိ သတင်း မထုတ် ပြန်သေးတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျန်ရှိ နေတဲ့ ထောင်ဒဏ်တွေကို စစ်အာဏာရှင်တွေက သတ်မှတ်ထားတဲ့ နေအိမ်မှာ ပြောင်းလဲကျခံဖို့ ထုတ်ပြန်ထားပြီး သမ္မတဦးဝင်းမြင့်ကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ဂျူလီဘစ်ရှော့ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။
Photo : Reuters










