
နာမည်ကြီး ကေပေါ့ပ်အဖွဲ့ BTS ပြန်လာမှုနဲ့အတူ တောင်ကိုရီးယားနိုင်ငံမှာ မတ်လ နိုင်ငံခြားခရီးသွားဝင်ရောက်မှု စံချိန်တင်ခဲ့ပါတယ်။
ဧပြီ ၁၆ ရက်က အစိုးရထုတ်ပြန်တဲ့ အချက်အလက်တွေအရ မတ်လအတွင်း နိုင်ငံခြားသား ခရီးသွား ၂ ဒသမ ၀၆ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံခြားခရီးသွားတွေ တနှစ်ကျော်ကြာ လာရောက်မှု ကျဆင်းခဲ့ပြီးနောက် ကေပေါ့ပ် စူပါအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ ပြန်လာမှုနဲ့အတူ ခရီးသွားကဏ္ဍ ပြန်လည်မြင့်တက်ခဲ့တာပါ။
ပြည်ပခရီးသွားဝင်ရောက်မှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ပထမ ၃ လပတ်အတွင်း ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ခရီးသွား ၄ ဒသမ ၇၆ သန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။
ဒါဟာ လအလိုက် ပြည်ပခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်ခဲ့သလို ၃ လပတ်အတွက်လည်း စံချိန်တင် မြင့်တက်ခဲ့တာပါ။
ခရီးသွားတွေအနက် တရုတ်နိုင်ငံက ၁ ဒသမ ၄၅ သန်းအထိ ရှိခဲ့ကာ ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျပန်က ၉ သိန်းကျော်ရှိကာ ၂၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။
ပြည်ပခရီးသွားဝင်ရောက်မှု များလာတာကြောင့် နိုင်ငံခြားသား credit ကတ် အသုံးပြုမှုဟာ ၃ လပတ်အတွက် ဒေါ်လာ ၂ ဒသမ ၁၈ ဘီလီယံအထိ ရှိကာ ၂၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်နဲ့ ဧပြီ ၁၂ ရက်ကြားမှာ BTS ဖျော်ဖြေပွဲတွေအတွက် နိုင်ငံခြားသားတွေ လက်မှတ်ဝယ်ယူမှုက ဝမ် ၅၅ ဒသမ ၅ ဘီလီယံ ရှိတယ်လို့ တောင်ကိုရီးယား Credit ကတ် ကုမ္ပဏီက ခန့်မှန်းဖော်ပြပါတယ်။
BTS အဖွဲ့ရဲ့ ARIRANG ကမ္ဘာ့တိုးပွဲကို ဧပြီ ၉ ရက်၊ ၁၁ နဲ့ ၁၂ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ စတင်ခဲ့ပြီး ကမ္ဘာ့မြို့ကြီး ၃၄ မြို့မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ဒါဟာ ကေပေါ့ပ် အနုပညာရှင်တွေအတွက် ရက်အများဆုံး တိုးခရီးစဉ်စံချိန်ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










