
ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြိုင်ပွဲဝင် အသင်း ၆၄ သင်းအထိ တိုးချဲ့ကျင်းပဖို့ စဉ်းစားနေပါတယ်။
ကမ္ဘာ့ဖလားကို တကမ္ဘာလုံးအတွက် ဖြစ်စေချင်တာကြောင့် ဒီအစီအစဉ်ကို ဆွေးနွေးသွားမယ်လို့ အင်ဖန်တီနိုက ပြောပါတယ်။
အသင်း ၄၈ သင်းအထိ တိုးချဲ့ခဲ့တဲ့ လက်ရှိပြိုင်ပွဲက အောင်မြင်မှုကြီးတခု ဖြစ်ခဲ့တာကြောင့် နိုင်ငံငယ်လေးတွေကို ပါဝင်ခွင့်ပေးဖို့ နောက်ထပ်တိုးချဲ့တာကို စဉ်းစားတာ ဖြစ်ပါတယ်။
အင်ဖန်တီနိုက ကမ္ဘာ့ဖလားကို စီစဉ်တဲ့အခါ ဥရောပနဲ့ တောင်အမေရိကအတွက်ချည်း မဟုတ်ဘဲ တကမ္ဘာလုံးအတွက် ဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖာရင်နဲ့ အေအက်ဖ်စီဥက္ကဋ္ဌ ရှိတ်ဆယ်လ်မာန်တို့ကတော့ ဒီအစီအစဉ်ကို ကန့်ကွက်ထားပါတယ်။ အသင်းတိုးချဲ့တာက ပြိုင်ပွဲအတွက်ရော ခြေစစ်ပွဲအတွက်ပါ မကောင်းတဲ့ အကြံဖြစ်ကြောင်း သူတို့က ဆိုပါတယ်။











