DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကို တပ်မ ၁၀၁ ဖြင့် စစ်အင်အားဖြည့်တင်း
DVB
·
September 9, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်က မြို့နယ် ၃ မြို့နယ်သာ အုပ်ချုပ်နိုင်တဲ့ စစ်အာဏာရှင်တပ် အနေနဲ့ ကျန်ရှိနေတဲ့ မြို့တွေ မပေးရရေးအတွက် စက်တင်ဘာ ၁ ရက်က စတင်ကာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကိုပို့ပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁ ရက်ကစပြီး ရခိုင်ပြည်နယ်ကို ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေလျင်ခြေမြန်တပ်ရင်းက အရာရှိစစ်သည်တွေနဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို ပို့ဆောင်နေတာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရခိုင်မှာ စစ်တပ်က နိုင်လား ရှုံးလားတော့ မသိဘူး၊ တပ်မ ၁၀၁ က စစ်ကူပို့ပေးနေတာ တောက်လျှောက်ပဲ၊ တပ်မ ၁၀၁ ကလည်း သမိုင်းနဲ့၊ ရှမ်းမြောက်မှာ စစ်ပွဲတွေဖြစ်တော့ ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို တာဝန်ပေးလိုက်တာ TNLA က ဖမ်းတာ ခံလိုက်ရတယ်။ ဗိုလ်မှူးချုပ်မြင့်ရွှေ ရောက်လာတယ်။ အဲ့အချိန် သံတွဲကို AA က တိုက်နေတဲ့အချိန် ဦးဆောင်ခိုင်းလိုက်တာ ဗိုလ်မှူးချုပ်မြင့်ရွှေလည်း သေလား ရှင်လား မသိရဘူး။”

စက်တင်ဘာ ၄ ရက်ကစပြီး စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်အတွက် 4926 Opreation ကို စတင်ခဲ့ပြီး ရခိုင်ပြည်ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့ကို စစ်အင်အားအများအပြား ဖြည့်တင်းထားတယ်လို့ စစ်တပ်အသိုက်အဝိုင်းမှာ ပြောဆိုနေကြပါတယ်။

ပြည်သူ့စစ်မှုထမ်းအင်အား တိုးလာနဲ့အမျှ ရရှိလာတဲ့ အင်အားကို ရှိရင်းစွဲတပ်ရင်းတွေနဲ့ပေါင်းကာ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ စီစဥ်နေတာလို့ စစ်ရေးလေ့လာ သုံးသပ်သူ တယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က စစ်မှုထမ်းအင်အား သိန်းချီလာပြီဆိုတော့ စစ်မှုထမ်းအင်အားနဲ့ ရှိတဲ့တပ်ရင်းစုပြီး စစ်ကြောင်းထိုးပြီး AA ကို ပြန်တိုက်မဲ့ပုံစံ၊ အင်အားအလုံးအရင်းသုံးပြီး ပြန်တိုက်မဲ့သဘောမျိုး။”

အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်အာဏာရှင်တပ်က စက်တင်ဘာ ၃ ရက်ကစပြီး ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ သံတွဲမြို့နယ်တွေကို ရေကြောင်းကနေ အမြောက်နဲ့ပစ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးဒဏ်ရာရတဲ့ အပြစ်မဲ့အရပ်သားတွေ ရှိတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၄ မြို့ အပါအဝင် စစ်အာဏာရှင်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေကို သိမ်းဆည်း ရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013