DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် မူးယစ်ဆေးတင်လာသည့်ကား ဓာတ်တိုင်နှင့်ဝင်တိုက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
May 26, 2026
Photo: Maesaipress
Photo: Maesaipress
Donate to DVB

ထိုင်းအလယ်ပိုင်း၊ ဆုခိုထိုင်းခရိုင်ထဲမှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ ကားတစီးဟာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုကို တိမ်းရှောင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တာကြောင့် တယောက် သေဆုံး၊ တယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆုခိုထိုင်းခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေ ၂၄ ရက် မွန်းတည့် ၁၂ နာရီက ထုန့်ဆလိန်မြို့နယ်၊ ကလန်ဒုံးရပ်ကွက်အပိုင်းရှိ အမြန်လမ်းမကြီးပေါ်မှာ တာဝန်အရ စောင့်ကြပ်စဉ် သံသယရှိတဲ့ မီးခိုးရောင် ဆလွန်းကားတစီး မောင်းဝင်လာတယ်၊  တာဝန်ရှိသူတွေကို တွေ့တဲ့အခါ ရပ်မပေးဘဲ အရှိန်မြှင့်ပြီး မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အနောက်က လိုက်လံဖမ်းဆီးစဉ် အဆိုပါကားဟာ တနေရာအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ပြီး ကားပျက်စီးသွားတယ်၊ ယာဉ်မောင်းဘေးက ထိုင်လိုက်လာသူ အသက် ၄၄ နှစ်အရွယ် အမျိုးသားမှာ ကားထဲမှာတင် သေဆုံးပြီး အသက် ၁၉ နှစ်အရွယ် လူငယ်ယာဉ်မောင်းမှာလည်း ပြင်းထန်စွာ ဒဏ်ရာရသွားတယ်၊ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့က ထိခိုက်သေဆုံးသူတွေကို ထုန့်ဆလိမ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်၊ ကားထဲမှာတော့  စိတ်ကြွဆေး ၂,၁၀၀,၀၀၀ (နှစ်သန်းကျော်) တင်ဆောင်လာတာ တွေ့ရှိခဲ့ပါတယ်။

တာဝန်ရှိသူတွေက အဆိုပါ မူးယစ်ဆေးဝါးနဲ့ ပါဝင်ပတ်သက်တဲ့ နောက်ထပ် ကွင်းဆက်တွေကို ဆက်လက်စုံစမ်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

မေ ၂၄ ရက် တနေ့တည်းမှာပဲ ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲမှာ စိတ်ကြွဆေးပြား ၂,၀၀၀,၀၀၀  (နှစ်သန်း) ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးဝါး အချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း သတင်းပေးပို့ချက်ရတာကြောင့် အမှတ် ၃၃၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ချင်း‌‌‌ဒေါင်းမြို့နယ်၊ မိုင်းနကျေးရွာအုပ်စု လမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၂ နာရီခွဲ‌လောက်မှာတော့ သံသယရှိတဲ့ ဟိုင်းလပ်စ်ကားတစီး ဝင်ရောက်လာလို့ စစ်ဆေးတာမှာ ကားပေါ်ရှိ မြွေရေခွံအိတ် ၈ လုံးထဲကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သန်း တွေ့ရှိတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၃၆ နှစ်အရွယ် နိုင်းအားပေဖ ဆိုသူ အမျိုးသားကို ဖမ်းဆီးပြီး နားဝိုင်နယ်မြေ စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဆီ ဆက်လက်ပို့ဆောင်ထားတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။

Source: Maesaipress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013