DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသထိန်းသိမ်းရေး သဘောထားကောက်ယူ
DVB
·
June 9, 2016
ပုဂံဒေသထိန်းသိမ်းရေး သဘောထားကောက်ယူ
Donate to DVB

ပုဂံဒေသ ထိန်းသိမ်းကာကွယ်ဖို့ ဒေသခံလူငယ်တချို့က လက်မှတ်ရေးထိုး စတင် လှုပ်ရှားမှုကို ဇွန်လ ၇ ရက်နေ့က ပုဂံ ညောင်ဦးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ပုဂံ ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက အဆောက်အဦတွေ၊ ခြံခတ် သိမ်းထားတဲ့ မြေတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပေးဖို့ အပါအဝင် အချက် ၅ ချက်ပါ လက်ကမ်းစာစောင်တွေဖြန့်ဝေပြီး ပြည်သူ့သဘောထား လက်မှတ်ကောက်တဲ့ လှုပ်ရှားမှုတခုကို  ဇွန်လ ၇ ရက်နေ့က ပုဂံ ညောင်ဦးမှာ ပြုလုပ်လိုက်တာပါ။

ပုဂံဒေသ ကာကွယ်ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ ပုဂံဒေသခံ ၅၀ လောက် စုပေါင်းပြီး ဆောင်ရွက်လှုပ်ရှားကြတာ ဖြစ်ပါတယ်။

"ပုဂံမြို့ကြီးအား မိမိတို့ရဲ့ လက်မှတ်တချက်ထိုးရုံနဲ့ ကယ်တင်ပေးကြပါရန် လေးစားစွာ တင်ပြတောင်းဆိုအပ်ပါတယ်ခင်ဗျား" လို့ အသံချဲ့စက်နဲ့ ဆော်သြ နှိုးဆော်ကြပါတယ်။

ပုဂံညောင်ဦးဒေသမှာ ဒေသခံတွေရဲ့ အဆောက်အဦတွေ တားမြစ်ခံထားရသလို ရှေးဟောင်းနယ်မြေအတွင်း ခြံခတ်ထားတာတွေ ရှိနေတယ်လို့ ဒီအဖွဲ့ရဲ့  ခေါင်းဆောင်တဦးဖြစ်သူ ကိုစံထွေးအောင်က ပြောပါတယ်။

သူက "ဝင်းခတ်ထားတဲ့ ကိုယ့်ခြံထဲမှာ အဆောက်အဦ ဆောက်လို့မရပါဘူး၊ အိမ်ဆောက်မရပါဘူး။ ယုတ်ဆွအဆုံး အိမ်သာတောင် ဆောက်လုပ်ခွင့် မရပါဘူး။ ပုဂံက အဆောက်အဦတွေ ပိတ်ပင်ခံထားရပါတယ်။ ညောင်ဦးက အဆောက်အဦတွေ ပိတ်ပင်ခံထားရပါတယ်။ ယဉ်ကျေးမှု အဆောက်အဦတွေကို ခြံခတ်သိမ်းပိုက်ထားတဲ့ ခရိုနီတွေ ရှိပါတယ်။" လို့ ပြောပါတယ်။

ဒီလက်မှတ်ရေးထိုး လှုပ်ရှားမှုကို လေးဆယ့်ငါးရက်အထိ လှုပ်ရှားကောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလိုကောက်ခံမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့လည်း ဆိုပါတယ်။

သတင်း - မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013