အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ရေနံထုတ်လုပ်ရောင်းချသူနိုင်ငံများအသင်း OPEC+ အဖွဲ့ဝင်နိုင်ငံတွေက ရေနံထုတ်လုပ်မှုကို ထပ်တိုးမြှင့်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။
OPEC+ အဖွဲ့ဝင် ၈ နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာဇက်စတန်၊ ကူဝိတ်၊ အီရတ်၊ အယ်လ်ဂျီးရီးယားနဲ့ အိုမန်တို့ဟာ မေလအတွက် ထုတ်လုပ်မှုမူဝါဒကို ဆုံးဖြတ်ဖို့ ဧပြီ ၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ OPEC+ အနေနဲ့ ရေနံထုတ်လုပ်မှုကို ထပ်တိုးမြှင့်ဖို့ စဉ်းစားနိုင်တယ်လို့ သတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။
ဒါဟာအမေရိကန်-အစ္စရေးစစ်ပွဲကြောင့် လက်ရှိပိတ်ထားတဲ့ ကမ္ဘာ့အရေးအကြီးဆုံး ရေနံလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရင် အဓိကထုတ်လုပ်သူတွေက ရေနံစိမ်းစည်တွေ ပိုတိုးထုတ်လုပ်မဲ့ အနေအထားဖြစ်လာမှာပါ။
ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ နောက်ဆုံးအစည်းအဝေးမှာတော့ OPEC+ ဟာ ပထမ ၃ လပတ်မှာ ထုတ်လုပ်မှုပိုလျှံမှာကို စိုးရိမ်မှုတွေကြောင့် တည်ငြိမ်နေပြီးတဲ့နောက် ဧပြီလအတွက် တရက်ကို စည် ၂၀၆,၀၀၀ တိုးမြှင့်ထုတ်လုပ်ဖို့ သဘောတူခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်-အစ္စရေးတို့ကြား စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းအဖွဲ့ဝင်နိုင်ငံတွေက ရေနံစီးဆင်းမှုတွေ အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။
တလအကြာမှာ စစ်ပွဲကြောင့် မှတ်တမ်းတင်ထားတဲ့ အကြီးမားဆုံး ရေနံဖြန့်ဖြူးမှု အနှောင့် \အယှက် ဖြစ်ခဲ့ပါတယ်။
ရေနံ သယ်ယူပို့ဆောင်ရေးရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်လိုက်တာကြောင့် OPEC ရဲ့ ထိပ်တန်းထုတ်လုပ်သူတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အီရတ်၊ ကူဝိတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ဟာ ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ကြပါတယ်။
ရေနံစိမ်းဈေးနှုန်းတွေဟာ ၄ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်တဲ့ တစည်ကို ဒေါ်လာ ၁၂၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ ရေနံထုတ်လုပ်မှုကို ဒရုန်းတိုက်ခိုက်မှုတွေက အနှောင့်အယှက်ပေးခဲ့ပါတယ်။ တနင်္ဂနွေ အစည်းအဝေးမှာ မေလရဲ့ ရေနံထုတ်လုပ်မှုခွဲတမ်းတွေကို ဆုံးဖြတ်ဖို့ ပုံမှန်အားဖြင့် မျှော်လင့်ရပါတယ်။
ဟော်မုဇ်ကို ပြန်ဖွင့်မဲ့လက္ခဏာမတွေ့ရပေမဲ့ ထောက်ပံ့မှုအပေါ် ချက်ချင်းသက်ရောက်မှု နည်းနည်းသာရှိမဲ့ တိုးမြှင့်ထုတ်လုပ်ရေးကို OPEC+ က သဘောတူနိုင်တယ်လို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။
OPEC၊ ဆော်ဒီအာရေဗျနဲ့ ရုရှားနိုင်ငံတို့က အာဏာပိုင်တွေက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း မတုံ့ပြန်ပါဘူး။ မေလအတွက် တနေ့ကို ရေနံစည် ၂၀၆,၀၀၀ ထပ်တိုးမယ်လို့ ကြေညာဖို့ Consultancy Energy Aspects အဖွဲ့က မျှော်လင့်ထားပါတယ်။
Source: Reuters










