DVB Logo
Home
နိုင်ငံတကာ
တူရကီလေကြောင်းလိုင်းက ဘိုးရင်း 737 MAX လေယာဉ် အစင်း ၁၅၀ ဝယ်ယူ 
DVB
·
September 24, 2026
Photo: REUTERS/Lindsey Wasson
Photo: REUTERS/Lindsey Wasson
Donate to DVB

တားကစ်ရှ်လေကြောင်းလိုင်းက ဘိုးရင်း 737 MAX လေယာဉ် အစင်း ၁၅၀ ဝယ်ဖို့ ဘိုးရင်းကုမ္ပဏီနဲ့ စက်တင်ဘာ ၂၃ ရက်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီလေယာဉ်တွေကို ၂၀၃၃ ခုနှစ်ကနေ ၂၀၃၇ ခုနှစ်အတွင်း ပေးအပ်သွားမှာဖြစ်ပြီး အတည်ပြုဝယ်ယူမဲ့ အစင်း ၁၀၀ နဲ့ ဝယ်ယူခွင့်ရွေးနိုင်တဲ့ အစင်း ၅၀ တို့ ပါတယ်လို့ တားကစ်ရှ် လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။

စာချုပ် ချုပ်ဆိုပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့ပြီး တူရကီသမ္မတ တေယစ် အာဒိုဂံ၊ တားကစ်ရှ်အဲလိုင်းရဲ့ ဥက္ကဋ္ဌ မူရတ်ဆက်ကာနဲ့ ဘိုးရင်းရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ စတက်ဖနီ ပုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။

တူရကီသမ္မတ အာဒိုဂံဟာ စက်တင်ဘာ ၂၂ ရက်မှာ စတင်ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ဖို့ နယူးယောက်မြို့ကို ရောက်နေတာလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013