
နာမည်ကြီး အားကစားဝတ်စုံထုတ်လုပ်ရေးကုမ္ပဏီ Nike က လာမဲ့ နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အပါအဝင် နိုင်ငံအသင်းတချို့ ဝတ်ဆင်မဲ့ ဂျာစီဒီဇိုင်းတွေမှာ ချို့ယွင်းချက်ရှိနေတာကို စုံစမ်းစစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေအတွင်း အင်္ဂလန်၊ ပြင်သစ်နဲ့ ဥရုဂွေးအသင်းတို့ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေရဲ့ ပုခုံးချုပ်ရိုးနေရာမှာ ဖောင်းကြွနေတဲ့ပြဿနာကို သိသာစွာ မြင်တွေ့ခဲ့ရတာပါ။
Nike ဘက်က "ဒီပြဿနာဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုမရှိပေမဲ့ အမြင်ပိုင်းမှာတော့ ကျနော်တို့ရဲ့ စံချိန်စံညွှန်းကို ရောက်မနေပါဘူး" လို့ ဝန်ခံခဲ့ပြီး ပရိသတ်တွေနဲ့ ကစားသမားတွေအတွက် အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။
အင်္ဂလန်အသင်းရဲ့ ကစားသမားဝတ်ဂျာစီကို ပေါင် ၁၃၄ ဒသမ ၉၉ အထိ ဈေးနှုန်းသတ်မှတ်ထားပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေဟာ ဇွန် ၁၇ ရက်မှာ ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Photo: Reuters










