ဝါရှင်တန်ဒီစီမှာ မတ် ၂၅ ရက်က “Fostering the Future Together” ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတကတော် မယ်လာနီယာထရမ့်ပ်က အိမ်ရှင်အဖြစ် ကျင်းပပါတယ်။
ဒီဖွင့်ပွဲမှာ မယ်လာနီယာနဲ့အတူ ထူးခြားတဲ့ဧည့်သည်အဖြစ် “Figure 3” လို့ခေါ်တဲ့ လူတူစက်ရုပ် ပါဝင်လာပါတယ်။
ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခရွန် အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေရှေ့မှာ ဒီစက်ရုပ်က သူ့ကိုယ်သူ မိတ်ဆက်ပြီးတော့ အမေရိကန်မှာ တည်ဆောက်ထားတဲ့ လူတူစက်ရုပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီစက်ရုပ်ဟာ အဝတ်လျှော်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ ပန်းကန်ဆေးတာ စတဲ့ အိမ်မှုကိစ္စတွေကို သူ့အလိုအလျောက် လုပ်ဆောင်ပေးနိုင်တယ်လို့ ထုတ်လုပ်တဲ့ကုမ္ပဏီက ဆိုပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲဟာ ကလေးတွေ၊ ဆရာတွေနဲ့ မိဘတွေကို ကူညီပေးဖို့ ဉာဏ်ရည်တု (AI) အပါအဝင် အဆင့်မြင့်နည်းပညာတွေကို ကမ္ဘာ့နိုင်ငံတွေ ရရှိအောင် လုပ်ဆောင်ပေးမှာပါ။
ဒါ့အပြင် အွန်လိုင်းအန္တရာယ်တွေကနေ ကလေးတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
Source: Reuters










