DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေဆိုးရွားနေဆဲ
DVB
·
October 16, 2026
Photo: Athan
Photo: Athan
Donate to DVB

၂၀၂၆ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် ဆက်သွယ်ရေး ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အသံအဖွဲ့ က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ ဩဂုတ်လနဲ့ စက်တင်ဘာလတွေဟာ လူမှုကွန်ရက်ပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြလို့ ဖမ်းဆီးခံရမှု အများဆုံးလတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်း Facebook နဲ့ TikTok တို့လို လူမှုကွန်ရက်တွေပေါ်မှာ ပို့စ်တွေနဲ့ ဗွီဒီယိုတွေ တင်ခဲ့တာကြောင့် ဖမ်းဆီးခံရသူ ၇ ယောက် ရှိခဲ့ပြီး ၁ ယောက်ကတော့ ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း အလားတူလုပ်ရပ်တွေကြောင့် ၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းနေမှုကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တိုင်တည်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

NUG, CRPH တို့နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လည်း ၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအကြောင်းစာအုပ်ရေးသားခဲ့လို့ ပြီးခဲ့တဲ့ဇွန်လကတည်းက ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလိုကိုတော့ စက်တင်ဘာလအတွင်းမှာ ပြည်နှင်ဒဏ်ပေးခဲ့ ပါတယ်။

ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးကဏ္ဍမှာတော့ စက်တင်ဘာ ၁၂ ရက်နေ့ကစလို့ ချင်းပြည်နယ် ဖလမ်း၊ တီးတိန်၊ တွန်းဇံတို့နဲ့ စစ်ကိုင်းတိုင်းတမူးမြို့တွေမှာ MPT ဆက်သွယ်ရေးလိုင်းတွေ ပြန်လည်ချိတ်ဆက် အသုံးပြုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မကွေးတိုင်း၊ ဆောမြို့နယ်၊ လူးရှည်ကျေးရွာဘက်မှာတော့ ကပစ ၂၅ စက်ရုံကို စစ်ကြောင်း ဝင်ရောက်လာပြီး ဖုန်း၊ အင်တာနက်နဲ့ Starlink ဝန်ဆောင်မှုတွေပါ ပြတ်တောက်သွားခဲ့ ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ မန္တလေး ၈၈ မျိုးဆက်ကျောင်းသား ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင် ဟာ စက်တင်ဘာ ၁၅ ရက် ညပိုင်းက မြင်းခြံအကျဉ်းထောင်အတွင်း ကွယ်လွန်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အသံအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တို့ကို အဓိကထား စောင့်ကြည့်လေ့လာပြီး ရပိုင်ခွင့်တွေအတွက် စည်းရုံး လှုံ့ဆော်ရေး လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူအဖွဲ့အစည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013