DVB Logo
Home
မြန်မာသတင်း
CEIR စနစ်ကျင့်သုံးပြီးနောက် လက်ကိုင်ဖုန်း လိမ်လည်ရောင်းချမှုများရှိလာ
DVB
·
July 7, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာပြည်တွင်းမှာ CEIR စနစ်နဲ့ အခွန်ကောက်တာ လုပ်လာပြီးနောက်ပိုင်း လက်ကိုင်ဖုန်းအရောင်း၊ အဝယ်ဈေးကွက်မှာ အခွန်မဆောင်ရသေးတဲ့ ဖုန်းတွေကို လိမ်လည်ရောင်းတာတွေ ရှိနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

အခွန်မဆောင်ထားတဲ့ ပြည်ပက ဝင်လာတဲ့ လက်ကိုင်ဖုန်းတွေကို ကျသင့်အခွန်ပေးသွင်းမှ အသုံးပြုလို့ရအောင် CEIR စနစ်နဲ့ထိန်းချုပ်လိုက်တာကြောင့် CEIR အခွန်ဆောင်ထားတဲ့ ဖုန်းနဲ့ အခွန်မဆောင်ရသေးတဲ့ဖုန်း ဆိုပြီး အမျိုးအစားကွဲသွားသလို ဖုန်းရဲ့တန်ဖိုးလည်း ကွာဟမှုရှိလာတယ်လို့ ဆိုပါတယ်။

ဖုန်းအမျိုးအစားတူပေမဲ့ အခွန်ဆောင်ထားတဲ့ဖုန်းက အခွန်မဆောင်ရသေးတဲ့ဖုန်းထက် ဈေးမြင့်ပြီး မသမာတဲ့ရောင်းသူ တချို့က ဈေးလျှော့ပေးတာဆိုပြီး မသိနားမလည်သူတွေကို အခွန်မဆောင်ရသေးတဲ့ဖုန်း ထိုးရောင်းတာမျိုးလည်း ရှိနေတာလို့ လက်ကိုင်ဖုန်းအရောင်း ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။

“ကုမ္ပဏီကသွင်းတဲ့ ဖုန်းတွေ ဈေးတက်တာက သက်သက်ဈေးကစားတာ။ အပြင်ဖုန်းတွေမှာက CEIR Paid (အခွန်ဆောင်ပြီး) ဟုတ်၊ မဟုတ်ဆိုပြီး နှစ်စား ဖြစ်နေတာ။ ဈေးအရမ်းတန်နေရင် သတိထားသာထား။”

အခွန်မဆောင်ရသေးတဲ့ဖုန်းမှာ ဆင်းကတ်ထည့်ပြီး ရက် ၃၀ အထိပဲ သုံးလို့ရမှာ ဖြစ်ပြီး သတ်မှတ်ရက်ပြည့်ရင် CEIR စနစ်နဲ့ ဖုန်းလိုင်းအသုံးပြုမရအောင် အပိတ်ခံရမှာလို့ ဆိုပါတယ်။

အပိတ်ခံရတဲ့ လက်ကိုင်ဖုန်းကို ပြန်သုံးချင်ရင် ကျသင့်အခွန်နဲ့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပြီး ဖုန်းအမျိုးအစားအလိုက် တန်ဖိုးရဲ့ ၃၅ ရာခိုင်နူန်းကျသင့်မှာလို့ ဖုန်းအရောင်းဝယ်လုပ်နေသူတွေက ပြောပါတယ်။

တပတ်ရစ်ဖုန်းဝယ်ရောင်းလုပ်နေသူတယောက်က “အခွန်မဆောင်ရသေးတဲ့ဖုန်း ဝယ်မိလို့ ပိုက်ဆံထပ်ကုန်ရတဲ့ ပြဿနာတွေဖြစ်နေတာ ခဏခဏပဲ။ တမင်လုပ်တဲ့သူက လုပ်စားနေတာ” လို့ ပြောပါတယ်။

အဲဒီဖုန်းတွေမှာ အသုံးပြုမယ်ဆိုရင် ကုန်သွယ်ခွန်နဲ့ အကောက်ခွန် ၅ ရာခိုင်နူန်းစီနဲ့ ဒဏ်ကြေး ၂၅ ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ပြီး iphone16Pro Max တလုံးအတွက် အခွန်ကျသင့်တဲ့ ပမာဏမှာ ကျပ် ၁၁ သိန်းကျော်၊ redmi note 8 pro တလုံးကို ၁ သိန်းခွဲကျော်၊ Samsung S22 Ultra တလုံး ကျပ် ၁၀ သိန်းကျော် ဖြစ်တယ်လို့ ဖုန်းစျေးကွက်ကျွမ်းကျင်သူတွေက တွက်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပကနေပြန်လာသူတွေတဖက်မှာ ဝယ်ကိုင်ခဲ့တဲ့ဖုန်းကို  ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်တဲ့စနစ် (CEIR) စနစ်နဲ့ မှတ်ပုံတင်ပြီး ကျသင့်တဲ့အခွန်ဆောင်မှ အသုံးပြုလို့ရမှာဖြစ်တာကြောင့် ငွေအပိုမကုန်ကျအောင်ရောင်းခဲ့ရဖို့ အခြေအနေ ဖြစ်လာတယ်လို့ ဖုန်းအသုံးပြုနေသူတွေက ပြောပါတယ်။

အခုလို လက်ကိုင်ဖုန်းတွေဆီကအခွန် ကောက်တဲ့ CEIR စနစ်ကိုအကြောင်းပြုပြီး ကုမ္ပဏီတွေက အခွန်ပေးဆောင်တင်သွင်းတဲ့ ဖုန်းတွေကိုပါ စျေးတင်ရောင်းချတာတွေရှိနေတဲ့အတွက် တပတ်ရစ်ဖုန်းတွေ အရောင်းအဝယ်ပိုဖြစ်လာတယ်လို့ အဲဒီစျေးကွက်ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013