
အမေရိကန်က Freedom Project ပြန်စတင်ဖွယ်ရှိတာကြောင့် ဟော်မုဇ်ရေလက်ကြား စည်းမျဉ်း သစ်တွေကို အီရန်က ထုတ်ပြန်ပါတယ်။
အီရန်ရဲ့ အစ္စလမ်မစ်တော်လှန်ရေးအစောင့်တပ်က ဟော်မုဇ်ရေလက်ကြားဖြတ်သန်းမှုနဲ့ ပတ်သက် ပြီး အီရန်ရဲ့ ထောက်ခံစာယူပြီး ဖြတ်သန်းရတဲ့ လမ်းကြောင်း ၂ ခု သတ်မှတ်ခဲ့တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ဖြတ်သန်းတဲ့ သင်္ဘောတွေအားလုံးဟာ အီရန်ဆီ ကနေ အန္တရာယ်ကင်းစွာဖြတ်သန်းခွင့်တောင်းခံဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီသင်္ဘောအမျိုး အစားတွေထဲမှာ သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေနဲ့ သင်္ဘောပိုင်ရှင် တွေပါဝင်ပါတယ်။
အမေရိကန်အခြေစိုက်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမေရိကန်ဟာ လက်ရှိမှာ Freedom Project တွေကို ပြန်စဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။
အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို ကယ်ထုတ်ဖို့ Freedom Project ကို မေလ ၄ ရက်နေ့ မှာ စတင်ခဲ့ပေမဲ့ အီရန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေကို အနှောက်အယှက်ဖြစ်မှာစိုးလို့ ၁ ရက်သာ လုပ်ဆောင်ခဲ့ပြီး ရပ်နားထားတာပါ။
Freedom Project ကို ဘယ်အချိန် ပြန်စမလဲဆိုတဲ့ တိကျတဲ့ ထုတ်ပြန်မှုမျိုးမရှိ သေးပေမဲ့ ဒီ ၁ ပတ် အစောပိုင်းမှာ လုပ်ဖို့ ကာကွယ်ရေးဌာနက အချိန်သတ်မှတ်ပေးထားတယ်လို့လည်း သတင်း တွေ ထွက်နေပါတယ်။
ဟော်မုဇ်အရေးဟာ ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး ပစ္စည်းတွေ အချိန်မီရဖို့ အခက်အခဲဖြစ်စေမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂအစားအသောက်နဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ပိတ်မိနေတာကြောင့် ဓာတ်မြေဩဇာ ပြတ်လပ်မှုတွေ ဖြစ်ပြီး ၂၀၂၆ နှစ်ကုန်နဲ့ ၂၀၂၇ ခုနှစ်တွေမှာ ကောက်ပဲသီးနှံ ထွက်နှုန်း လျော့ကျကာ ထောက်ပံ့ ပစ္စည်းရရှိမှုလည်း ခက်ခဲနိုင်တယ်လို့ အီတလီမှာ လုပ်တဲ့ ထိပ်သီးအစည်း အဝေးမှာ FAO အကြီးအကဲက ပြောပါတယ်။
အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းတို့ဟာ ဟော်မုဇ်ကနေ ဖြတ်သန်းတဲ့ ဓာတ်မြေဩဇာ အပေါ်အဓိက မှီခိုနေရတာဖြစ်ပါတယ်။
Source:Reuters










