အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးက (၁-၀) ဂိုး နဲ့ နိုင်နေချိန် ဂိုးသမား ဆန်းချက်ဇ်က ဒဏ်ရာရဟန်ဆောင်ပြီး ပွဲကို အချိန်ဆွဲခဲ့တယ်ဆိုကာ လိဒ်ကစားသမားတွေနဲ့ အချေအတင် ဖြစ်ပွားခဲ့ပါတယ်။
လိဒ်အသင်း ဖိအားပေးနေချိန်မှာ ဆန်းချက်ဇ် လဲကျသွားတာဖြစ်ပြီး အဲဒီအချိန်မှာ ချဲလ်ဆီးနည်းပြက ကစားသမားတွေကို ခေါ်ယူကာ လမ်းညွှန်ချက်တွေ ပေးခဲ့တာပါ။
ဒီအပြုအမူကြောင့် လိဒ်ကစားသမား အမ်ပါဒူနဲ့ ချဲလ်ဆီးက လာဗီယာတို့ကြား တွန်းထိုးမှုတွေ ဖြစ်ခဲ့သလို ပရိသတ်တွေကလည်း လိမ်လည်တယ်ဆိုကာ ဟစ်အော်ခဲ့ကြပါတယ်။
ဂိုးသမားဟောင်း ရော့ဘ်ဂရင်းက ဒါဟာ တမင်စီစဉ်ထားတဲ့ နည်းဗျူဟာဖြစ်လို့ ရပ်တန့်သင့်ပြီလို့ ဝေဖန်ခဲ့ပေမဲ့ လိဒ်နည်းပြ ဖာကေးကတော့ ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုဘဲ ချဲလ်ဆီးကိုသာ ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။










