DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကြီးစိုးသည့်လွှတ်တော်၌ မနက်ဖြန်သမ္မတရွေးမည်၊ ဒုသမ္မတလောင်း ၃ ဦးစလုံး သတ်မှတ် အရည်အချင်းကိုက်ညီဟုဆို 
DVB
·
April 2, 2026
Photo:Reuters
Photo:Reuters
Donate to DVB

စစ်ကောင်စီကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတသစ်ကို မနက်ဖြန် ဧပြီ ၃ ရက်နေ့မှာ မဲခွဲရွေးချယ်ဖို့ ရှိနေပါတယ်။

ဒီနေ့ ဧပြီ ၂ ရက်နေ့မှာကျင်းပတဲ့ လွှတ်တော် အစည်းအဝေးအတွင်း အစုအဖွဲ့အသီးသီးက တင်မြှောက်ထားတဲ့ ဒုသမ္မတလောင်း ၃ ဦးစလုံးဟာ သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီကြောင်း နာယက ဦးအောင်လင်းဒွေးက အတည်ပြုခဲ့တာပါ။

သမ္မတလောင်းတွေအဖြစ် ပြည်သူ့လွှတ်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က နန်းနီနီအေးနဲ့ တပ်မတော်သားအစုအဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော တို့ကို အသီးသီး ရွေးချယ် ထားကြပါတယ်။

ထူးခြားချက်အနေနဲ့ ရွေးကောက်ပွဲဝင်မပြိုင်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကိုယ်စားလှယ်အများဆုံးရှိတဲ့ ပြည်သူ့လွှတ်တော်က တင်မြှောက်ခဲ့သလို ကြံ့ခိုင်ရေးပါတီအမတ် ဦးညိုစောကိုတော့ တပ်မတော်သားအစုအဖွဲ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်ကျင်းပမဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ အဆိုပါ ၃ ယောက်ကို လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ကြမှာဖြစ်ပြီး မဲအများဆုံးရသူက သမ္မတ၊ ကျန် ၂ ယောက်ကတော့ ရရှိတဲ့မဲအလိုက် ဒုသမ္မတ (၁) နဲ့ (၂) အဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကတော့ အခုလို မင်းအောင်လှိုင်ကို သမ္မတ တင်မြှောက်ဖို့ လုပ်ဆောင်ချက်ဟာ အာဏာသိမ်းမှုကို ပုံစံပြောင်း တရားဝင်ဖြစ်အောင် လုပ်ဆောင် တာသာဖြစ်ပြီး ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်း မရှိတဲ့အတွက် တရားမဝင်ကြောင်း ရှုတ်ချထား ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013