DVB Logo
Home
မြန်မာသတင်း
ကျောက်တော်၌ သက်ငယ်မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်းသူကို  ပုဒ်မ ၂ ခုဖြင့် တရားစွဲ
DVB
·
September 3, 2026
Photo: အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်း ထုတ်ပြန်ရေးအဖွဲ့
Photo: အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်း ထုတ်ပြန်ရေးအဖွဲ့
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ အသက် ၈ နှစ်အရွယ် ညီမတို့အပေါ် သက်ငယ်မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ခိုင်းစေမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားတယောက်ကို  ဒီလပ်တပ်ဖွဲ့က မြောက်ဦးခရိုင် တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုလိုက်တယ်လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်း ထုတ်ပြန်ရေးအဖွဲ့က စက်တက်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာက  အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှဟာ သူရဲ့ ဥယျာဉ်ခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျောက်တော်မြို့နယ် ကျောက်တလုံးကျေးရွာက အလုပ်သမား တယောက်ရဲ့ ၁၄ နှစ် အရွယ်သမီးတယောက်ကို ဧပြီ ၆ ရက်က မုဒိမ်းမှု ၂ ကြိမ်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၀ ရက်လောက်မှာလည်း အဆိုပါ မိန်းကလေးရဲ့ ညီမဖြစ်သူ ၈ နှစ်အရွယ် ကလေးငယ်ကိုလည်း ကျပ်ငွေ ၄,၀၀၀ နဲ့ အချိုရည်ထုပ် တထုတ်ပေးမယ်ဆို့ ဖြားယောင်းပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဦးမောင်အေးလှနဲ့ နစ်နာသူ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တို့ဟာ မိဘတွေရှိတဲ့ ဥယျာဉ်ခင်းသို့ ဧပြီ ၆ ရက်က အတူသွားကြစဉ် လမ်းမှာ နေဝင်သွားတာကြောင့် မြောင်စပ်အနီးတခုမှာ ညအိပ်ကြရာမှာ ဦးမောင်အေးလှက မိန်းကလေးငယ်ကို အဓမ္မမှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ၈ နှစ်အရွယ် ညီမဖြစ်သူကိုလည်း ဦးမောင်အေးလှရဲ့ ဥယျာဉ်ခင်းထဲအတွင်း ကလေးငယ် ကို ဖြားယောင်းသိမ်းသွင်းပြီး သူရဲ့ လိင်စိတ်အာသာဖြေမှုကို ကျူးလွန်ခဲ့တယ်လို့ ရေးသားထား ပါတယ်။

အဲဒီလို သက်ငယ်မုဒိမ်းမှု၊ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ကာမဆန္ဒရယူမှုနဲ့ သက်ငယ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာခိုင်းစေမှုတို့ ကျူးလွန်ခိုင်းမှုတိုကြောင့် နစ်နာသူ မိန်းကလေးနဲ့ မိခင်ကိုယ်တိုင် နယ်မြေ ဒီလပ် ခစန်းမှာ မေ ၁၅ ရက်က အမှုဖွင့်တိုင်တန်းခဲ့ပြီး ဒီလပ်ဖက်က ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၇၇ တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အမှုဖွင့်ခဲ့ပြီး‌နောက် တရားခံဟာ ဖမ်းဆီးမခံဘဲ ထွက်ပြေးလွတ်မြောက်သွားကာ ၂ လအကြာ ဇူလိုင် ၃၀ ရက် မနက် ၂ နာရီမှာ သူရဲ့ နေအိမ်ကို ရောက်ရှိနေကြောင်း သတင်းရရှိခဲ့တာကြောင့် ဒီလပ်တပ်ဖွဲ့က  ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ဦးမောင်အေးလှဟာ သူပြစ်မှုတွေ ကျူးလွန်ခဲ့တာမှန်ကန်ကြောင့် ဝန်ခံခဲ့ပြီး တရားရုံးမှာ ဖြောင့်ချက်ပေး ထွက်ဆိုလာတဲ့အတွက် ကျောက်တော်မြို့နယ် တရားသူကြီးက ရာဇဝတ်မှုနဲ့ အမှုလက်ခံခဲ့ပါတယ်။

အဲဒီနောက် မှုခင်းဖြစ်ရပ်တွေ စစ်ဆေးတာ၊ မှတ်တမ်းယူတာတွေ တဆင့်ပြုလုပ်ပြီး ဩဂုတ် ၂၇ ရက် က မြောက်ဦးခရိုင်တရားရုံမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၇၇ တို့နဲ့ တရားခံ ဦးမောင်အေးလှကို တရားစွဲဆိုကာ လက်ခံစစ်ဆေးနေလို့ ဒီလပ်ဘက်က ဆိုထားပါတယ်။

ကျောက်တော်မြို့ခံ အမျိုးသမီးငယ်တယောက်က “မိဘတွေရဲ့ ဆင်းရဲမှုကြောင့် အလုပ်လုပ်ကိုင်မှုကို အခွင့်ကောင်းယူပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်နှစ်ဦးကို မုဒိမ်းကျင့်တာ၊ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ကာမဆန္ဒရယူတာ၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခိုင်းစေတာဟာ အတော်ကို ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်လိုက်တာ။ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိတဲ့ ရာဇဝတ်မှုတွေပဲ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အပေါ်လည်း အများကြီး ထိခိုက်စေနိုင်တယ်။ ဒီလို လူ့အသက်အဝန်းအတွက် အန္တရာယ်ကြီးတဲ့ ရာဇဝတ်ကောင်တွေကို ညှာတာမှုလုံးဝမရှိဘဲ ဥပဒေအတိုင်း ထိရောက်တဲ့ ပြစ်မှု ပြစ်ဒဏ်ပေးတာ ကိုပဲလိုချင်တယ်” လို့ပြောပါတယ်။

ဦးမောင်အေးလှဟာ နယ်မြေဒီလပ်စခန်းတခုမှာ ထိန်းသိမ်းခံထားရစဉ် ဩဂုတ် ၁၈ ရက်ကလည်း အချုပ်က ထွက်ပြေးခဲ့လို့ ဒေသခံ လူငယ်တွေရဲ့ သတင်းပေးမှုနဲ့ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် အဲဒီရက်နေ့မှာတင် ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဦးမောင်အေးလှအပေါ်  စွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ မဒိမ်းမှု ပြစ်မှုထင်ရှားပါက ကျူးလွန်သူကို ထောင်ဒဏ်အနှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ ချမှတ်နိုင်ပြီး အသက် ၁၂ နှစ်အောက် ကလေးငယ်ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်ဖြစ်စေ၊ နှစ် ၂၀ ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။

ဒါအပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ အရ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမဆန္ဒရယူမှုဟာလည်း ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ ချမှတ်နိုင်ပြီး ငွေဒဏ်ကိုပါ ချမှတ် နိုင်တယ်လို့ ဆိုထားပါတယ်။

ကလေးငယ်တွေအပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ယူမှုတွေဟာ ဥပဒေအရ အလွန်ပြင်းထန်တဲ့မှုခင်းတွေဖြစ်ပြီး အသက် ၈ နှစ်နဲ့ ၁၄ နှစ်အရွယ်ကလေးတွေဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ ဖြစ်ကြတာကြောင့် အပြစ်တင်တာမျိုး မပြုလုပ်ကြဘဲ ကာကွယ်စောင့်ရှောက်မှုတွေသာ ဦးစားပေး ဆုံးမထိန်းကျောင်ပေးသင့်တယ်လို့ ဒီလပ်က ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ်မှာ မုဒိမ်မှု၊ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုတို့လို ရာဇဝတ်မှုတွေအတွက် ဩဂုတ်လ ကတည်းက စတင်ပြီး အထူးတရားရုံးဖွင့်ကာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ULA/AA ဘက်က ပြောထားပါတယ်။

ဇူလိုင်လကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာက မိန်းကလေးငယ်တယောက်ကို လူသတ် မဒိမ်းမှုကျူလွန်ခဲ့တဲ့ တရားခံကို ULA/AA ရဲ့ စစ်တွေခရိုင်တရားရုံးက အဓိက ကျူးလွန်သူ တရားခံကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ပူးပေါင်းကြံစည်သူ ၂ ယောက်ကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအတွင်းမှာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုတွေ လစဉ်လတိုင်း တိုးမြင့်လာနေတာကြောင့် မဒိမ်းတရားခံတွေကို အမြင့်ဆုံးပြစ်ဒဏ်တွေအထိ ချမှတ် ပေးဖို့ ဒေသခံတွေအကြား တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013