အင်ဒိုနီးရှား ဆူလာဝေစီကျွန်းတွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်
DVB
·
June 17, 2026

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းမှာ ဇွန် ၁၆ ရက်က ပြင်းအား ၆ ဒသမ ၇ ပမာဏရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားခဲ့လို့ ဘုရားကျောင်းတခုထဲက လူတွေ အလန့်တကြား အပြင်ကို ပြေးထွက်ခဲ့ကြရ ပါတယ်။
အခုလှုပ်ခတ်သွားတဲ့ ငလျင်ရဲ့ ဗဟိုချက်ဟာ ပါလူးမြို့ရဲ့ အရှေ့တောင်ဘက် ၄၂ ကီလိုမီတာ (၂၆ ဒသမ ၁ မိုင်) အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့လည်း အင်ဒိုနီးရှား ဘူမိရူပဗေဒအေဂျင်စီ (BMKG) က ဆိုပါတယ်။
ဒီငလျင်ကြောင့် ဧရာမ ဒီရေလှိုင်း ဆူနာမီ ဖြစ်နိုင်ခြေတော့ မရှိဘူးလို့လည်း BMKG က ထုတ်ပြန်ထားပါတယ်။
Source: Reuters










