
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ အီဒူးဟာ တနှစ်ကျော် တာဝန်ယူခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲလိုက်ပါတယ်။
အာဆင်နယ်အသင်းရဲ့ စပို့တင်းဒါရိုက်တာဟောင်း အီဒူးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတည်းက ဖောရက်စ်အသင်းရဲ့ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုခြင်း မရှိတော့ဘဲ နည်းပြဟောင်း နူနို အပါအဝင် အသင်းတာဝန်ရှိသူတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာပါ။
အီဒူး ထွက်ခွာသွားတာကြောင့် ဖောရက်စ်အသင်းအပြင် အသင်းပိုင်ရှင် မာရီနာကစ် ပိုင်ဆိုင်တဲ့ အိုလံပီယာကော့စ်နဲ့ ရီယိုအဲဗ် အသင်းတို့ရဲ့ စီမံခန့်ခွဲမှု တာဝန်တွေပါ လစ်ဟာသွားခဲ့ပါတယ်။
ဖောရက်စ်အသင်း အနေနဲ့ အီဒူးရဲ့နေရာမှာ သီးသန့် အစားထိုး ခန့်အပ်မှာမဟုတ်ဘဲ အသင်းရဲ့ ဘောလုံးအရာရှိချုပ် ဂျော့ချ် ဆီးရီးယားနိုစ်က တာဝန်တွေကို လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်။
Photo:Reuters











