DVB Logo
Home
မြန်မာသတင်း
မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့၌ တလအတွင်း အကြိမ် ၄၀ ကျော် လေကြောင်းတိုက်ခိုက်
DVB
·
October 5, 2026
Photo: RICE
Photo: RICE
Donate to DVB

၂၀၂၆ ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ် ၃ မြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် စတဲ့ တောင်ပိုင်းဒေသ ၁၄ မြို့နယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့် ပြုလုပ်ခဲ့တယ်လို့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန (RICE) က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလအတွင်း အဆိုပါ နယ်မြေတွေမှာ လက်နက်ကြီး ပစ်ခတ်မှု ၂၇ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၄ ကြိမ်နဲ့ တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်အထိ ရှိခဲ့တယ်လို့ RICE ရဲ့ စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒေသအလိုက် ကြည့်မယ်ဆိုရင် ကျိုက်ထိုမြို့နယ်ဟာ လက်နက်ကြီး ပစ်ခတ်မှု ၁၅ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂ ကြိမ်နဲ့ စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှု အများဆုံး ခံခဲ့ရတဲ့ဒေသ ဖြစ်ခဲ့ပါတယ်။

စစ်ရေးပဋိပက္ခတွေနဲ့ စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်းး စုစုပေါင်း အရပ်သား ၁၁ ယောက် ထိခိုက်သေဆုံးခဲ့ပြီး စစ်မှုထမ်းဖို့အတွက် အဓမ္မ ဖမ်းဆီးခံရသူ ၃၆ ယောက် အပါအဝင် ဒေသခံ အရပ်သား စုစုပေါင်း ၅၄ ယောက် ဖမ်းဆီးခံခံရတယ်လို့ RICE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013