DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သည့်သတင်း မဟုတ်မှန် 
DVB
·
May 7, 2026
Photo: ကရင်ပြည်နယ်အစိုးရ 
Photo: ကရင်ပြည်နယ်အစိုးရ 
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ တောင်ကလေး အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ DVB က စုံစမ်းသိရပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးမကောင်းတာကြောင့် အကျဉ်းထောင် တာဝန်ရှိသူတွေ ခွင့်ပြုချက်နဲ့ ဘားအံဆေးရုံမှာ တက်ရောက်ကုသနေရတဲ့ ရုပ်သံတွေ ပျံ့နှံ့ခဲ့ပြီး နောက် အခုလိုသတင်းတွေ ထွက်ပေါ်လာတာပါ။

တောင်ကလေးအကျဉ်းထောင်နဲ့ နီးစပ်သူက “အသက်ကြီးတာကော ရာသီဥတုပူတာကောကြောင့် မခံနိုင်တော့ဘဲ ဆေးရုံတက်ရတာ။ အခုသတင်းတွေပျံ့နေပေမဲ့ သူက အထဲမှာ အကောင်းကြီးပါ။ ဒုတိယအကြိမ် ဆေးရုံတက်ကုသခွင့်ရဖို့တော့ ထောင်အာဏာပိုင်တွေဆီ စာတင်ထားတုန်းပဲ။ သူက တောင်ကလေး အကျဉ်းထောင်ထဲက သီးသန့်အိမ်မှာနေတာပါ”လို့ ပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ကွယ်လွန်တယ်ဆိုတဲ့သတင်းကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကနေ စတင်ထွက်ပေါ်လာတာဖြစ်သလို ပြည်တွင်းသတင်းမီဒီယာတချို့မှာပါ ဖော်ပြနေကြပေမဲ့ အတည် မပြုနိုင်သေးကြောင်း ရေးသားနေကြပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။

ဒါ့အပြင် သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကရင်ပြည်နယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ဖမ်းဆီးခံရပြီး အဂတိမှု၊ ရွေးကောက်ပွဲမသမာမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုစတဲ့ အမှုတွေနဲ့စွပ်စွဲပြီး ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခံခဲ့ရတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013