DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အရက်မူးနေသည့် မြန်မာ ၁ ဦးက ကားဖြင့် ဆိုင်ကယ်များကို ဝင်တိုက်၊ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
July 27, 2026
Photo: Thalang police station
Photo: Thalang police station
Donate to DVB

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးနေတဲ့ မြန်မာနိုင်ငံသားတယောက် မောင်းနှင်လာတဲ့ ကားနဲ့ ဆိုင် ကယ်အများအပြားကို ဝင်တိုက်ခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး Bangkok Post သတင်း မှာ ဇူလိုင် ၂၇ ရက်က ဖော်ပြပါတယ်။

အဆိုပါ လူသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဟာ ပြီးခဲ့တဲ့ စနေနေ့ ညနေ ၇ နာရီခွဲလောက်က တုန်ဆိုင်းရေတံခွန်အဝင် လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူကို အသက် ၄၂ နှစ်အရွယ် အောင်မင်းဦးလို့ စိစစ်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူ မောင်းနှင်လာတဲ့ အနက်ရောင် ဆူဇူးကီးပစ်ကပ်ကားဟာ အသက် ၂၄ နှစ်ကနေ ၆၀ နှစ်ကြား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် မောင်းနှင်လာတဲ့ ဟွန်ဒါ မော်တော်ဆိုင်ကယ် ၄ စီးကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ကပ်ကားဟာ ရေတံခွန်ဘက်ကနေ ထွက်ခွာလာချိန်မှာ ရေတံခွန်ဘက်ကို ဦးတည် မောင်းနှင်လာတဲ့ အသက် ၂၄ နှစ်အရွယ် ထနာဝစ်အင်ခဲအိုရဲ့ မော်တော်ဆိုင်ကယ်ကို စတင်တိုက်မိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက် ကားမောင်းသူဟာ အခင်းဖြစ်ပွားရာနေရာကနေ အရှိန်မြှင့် မောင်းနှင် ထွက်ပြေးခဲ့ပြီး အဲဒီလိုထွက်ပြေးချိန် မီတာ ၁၀၀ လောက်အကွာအတွင်း ဆိုင်တဆိုင်ရှေ့မှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ် ၃ စီးကို ထပ်မံတိုက်မိခဲ့တာ တခြား လူ ၃ ယောက်ကို ဒဏ်ရာရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဟာ အရက်မူးနေတဲ့ ကားမောင်းသူကို ဖမ်းဆီးခဲ့ပြီး သွေးတွင်း အရက်ပါဝင်မှု ပမာဏ စစ်ဆေးချိန်မှာ ကားမောင်းနှင်ဖို့ တရားဝင် ခွင့်ပြုထားတဲ့ ပမာဏထက် ကျော်လွန်နေတာကို တွေ့ရှိရ တယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ထနာဝစ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ဆိုင်ကယ်မောင်းသူ မာရီယမ်တို့ဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ည ၉ နာရီ ၄၀ မိနစ်မှာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ 

အသက် ၃၆ နှစ်နဲ့ ၆၀ အရွယ် အမျိုးသား ဆိုင်ကယ်မောင်းသူ တခြား ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သူတို့ရဲ့နာမည်တွေကိုတော့ နိရန်နဲ့ ခန်နစ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အမည်ဖော်ပြခဲ့ပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013