
အမေရိကန်နဲ့ မူဘောင်သဘောတူညီချက်အရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေအပေါ် အီရန်က အခွန်ကောက်ခံမဲ့အစား ရေကြောင်းဝန်ဆောင်မှု အခကြေးငွေတွေ ကောက်ခံမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ် ကတော့ အမေရိကန်ပြည်ထောင်စုက ရေရှည်မှာ အခမဲ့ ဖြတ်သန်းရေး ရေလမ်းကြောင်းကို ဖွင့်ထားဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။
အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေဆီက အခွန်ကောက်ဖို့ မရည်ရွယ်ဘဲ အိုမန်နိုင်ငံနဲ့အတူ ဝန်ဆောင်မှုတွေအတွက် အခကြေးငွေတွေကို ကောက်ခံမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက သတင်းစာ ရှင်းလင်းပွဲတရပ်မှာ ပြောပါတယ်။
ရေလက်ကြားကို ရေရှည်အခြေခံနဲ့ အခွန်မကောက်ဘဲ ဖွင့်ထားဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်တယ်လို့ အမေရိကန် ဒုသမ္မတ ဗန့်စ်က CNBC သတင်းဌာနကို တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ ရန်လိုမှုတွေကို အဆုံးသတ်ဖို့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတာကို ရုပ်သိမ်းဖို့နဲ့ စစ်မျက်နှာ အများအပြားမှာ စစ်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ကို ရခဲ့ကြပါတယ်။
တနင်္လာနေ့ အစောပိုင်းမှာ ကြေညာခဲ့တဲ့ သဘောတူညီချက်က တိုက်ပွဲတွေ အဆုံးသတ်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှု ပြန်ရရေး မျှော်လင့်ချက်ရောင်ခြည်တခုကို ပေးခဲ့ပါတယ်။
Source: Reuters










