DVB Logo
Home
မြန်မာသတင်း
နိုင်ငံမြောက်ပိုင်း တိုက်ပွဲများအပေါ် စိုးရိမ်ကြောင်း အီးယူ ထုတ်ပြန်
DVB
·
February 24, 2016
နိုင်ငံမြောက်ပိုင်း တိုက်ပွဲများအပေါ် စိုးရိမ်ကြောင်း အီးယူ ထုတ်ပြန်
Donate to DVB

အီးယူနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ထောင်ချီတဲ့ အရပ်သားတွေ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်နေကြရတာ၊ အရပ်သားတွေကို အတင်းအကျပ် စစ်သားစုဆောင်းမှု၊ မြေမြှုပ်မိုင်း သုံးစွဲမှုတွေကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ လချီကြာမြင့်လာသလို လူပေါင်း ၄၀၀၀ ခန့် အိုးအိမ်စွန့်ပြီး ထွက်ပြေးနေကြရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်း တိုက်ပွဲတွေ ရပ်စဲဖို့အတွက် ကြားဝင်ဖျန်ဖြေတဲ့ အဖွဲ့အစည်းတွေက အစပျိုးလုပ်ဆောင်ချက်တွေတော့ စတင်နေပေမယ့် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ စကားဝိုင်းကိုတော့ မရောက်ကြသေးပါဘူး။

အီးယူက တိုက်တွန်းထားချက်မှာ ရန်လိုမုန်းတီးမှုတွေကို ချက်ချင်းအဆုံးသတ်ဖို့နဲ့ စစ်မှန် အားလုံးပါဝင်ပြီး တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်အလုပ်လုပ်ကြဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ပါရှိပါတယ်။

ဆက်တိုက် တိုက်ပွဲဖြစ်နေတာကြောင့် အားနည်းတဲ့ လူမှုအသိုင်းအ၀ိုင်း အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ဘ၀တွေကို ထိခိုက်စေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယုံကြည်မှု ပျက်ယွင်းစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်းနဲ့ သဘောတူညီချက်တွေကို ဖော်ဆောင်ဖို့ ဆက်လုပ်ကြဖို့နဲ့ အပြည့်အ၀ ပါဝင်ဖို့ လုပ်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013