DVB Logo
Home
မြန်မာသတင်း
အင်းစိန်နှင့် မန္တလေးထောင်က ၅၇ ဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး ၂၇ ဦး ဂုဏ်ထူးထွက်
DVB
·
June 28, 2026
၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်စာမေးကို အကျဉ်းထောင်တွင်း ဖြေဆိုစဉ် (Photo : Myanmar Prisons Department)
၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်စာမေးကို အကျဉ်းထောင်တွင်း ဖြေဆိုစဉ် (Photo : Myanmar Prisons Department)
Donate to DVB

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေး ဗဟိုအကျဉ်းထောင်တွင်းကနေ  ဝင်ရောက်ဖြေဆိုခဲ့ကြသူ ၅၇ ယောက် အောင်မြင်ပြီး ၂၇ ယောက်က ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မန္တလေးထောင်ကနေ ၂၁ ယောက် အောင်မြင်ပြီး ၃ ဘာသာဂုဏ်ထူးနဲ့ ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူးနဲ့ ၈ ယောက်၊ ၁ ဘာသာဂုဏ်ထူးနဲ့ ၅ ယောက် အောင်မြင်ပါတယ်။

အောင်စာရင်းအရ ကျောင်းသားတွေချည်းဖြစ်ပြီး ဂုဏ်ထူးမပါသူက ၃ ယောက်ပဲရှိတာကို တွေ့ရပါတယ်။

ရန်ကုန် အင်းစိန်ထောင်ကတော့ ၃၆ ယောက် အောင်မြင်ခဲ့ကြပြီး ၃ ဘာသာဂုဏ်ထူးရှင် ၁ ယောက်၊ ၂ ဘာသာဂုဏ်ထူးရှင် ၁ ယောက်နဲ့ ၁ ဘာသာဂုဏ်ထူးရှင် ၅ ယောက် ပါဝင်ခဲ့ပါတယ်။

ကျောင်းသား ၃၃ ယောက်၊ ကျောင်းသူ ၃ ယောက် အောင်မြင်တာကိုတွေ့ရပါတယ်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စာပေးပွဲအောင်မြင်သူ ၁၃၀,၀၀၀ ကျော်ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပါတယ်။

စစ်အာဏာရှင်လက်ထက် ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၅,၂၂၈ ယောက် ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် စာရင်းတွေအရ မန္တလေးတိုင်းက အောင်ချက်အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကတော့ အောင်ချက် အနည်းဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013