
အမေရိကန်စစ်တပ်က အီရန်ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားတဲ့ လေကြောင်းရိုက်ကူး ရုပ်သံဖိုင်ကို ဇွန် ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ ယာယီငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီး နှစ်ပတ်အကြာမှာ နှစ်ဖက်အကြား အပြင်းထန်ဆုံး တင်းမာမှု ပြန်ဖြစ်လာတာလည်း ဖြစ်ပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်တဲ့ ရုပ်သံမှာ လေကြောင်းကနေ ရိုက်ကူးထားတဲ့ ပေါက်ကွဲမှုအများအပြားကို တွေ့ရပါတယ်။
ဒါပေမဲ့ ရိုက်တာ သတင်းဌာနကတော့ အဲဒီရုပ်သံကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ရိုက်ကူးထားတယ် ဆိုတာ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
CENTCOM ကတော့ ဟော်မုဇ်ရေလက်ကြားမှာ ပနားမားအလံတင် ရေနံတင်သင်္ဘောတစီးကို အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် သူတို့တပ်ဖွဲ့တွေက အီရန်ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တဖက်မှာလည်း အီရန်အစိုးရပိုင် IRIB ရုပ်သံက နိုင်ငံတောင်ပိုင်း ဆီရစ်မြို့မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါဘူး။
အမေရိကန်က အီရန်ပစ်မှတ်တွေကို ညတွင်းချင်း တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပြီး အီရန်ဘက်ကလည်း အမေရိကန်တပ်ဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ ပစ်မှတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters










