DVB Logo
Home
မြန်မာသတင်း
ဘတ္ထရီအိုးအားသွင်းစဉ် အပူလွန်ကဲ ပေါက်ကွဲ၊ အိမ် ၃ လုံးမီးလောင် (ရုပ်သံ)
DVB
·
January 21, 2016
ဘတ္ထရီအိုးအားသွင်းစဉ် အပူလွန်ကဲ ပေါက်ကွဲ၊ အိမ် ၃ လုံးမီးလောင် (ရုပ်သံ)
Donate to DVB

ပဲခူးမြို့နယ် ကတွင်းခြံကျေးရွာအုပ်စု တောင်သူစုကျေးရွာမှာ  ဇန်န၀ါရီလ ၂၀ ရက်နေ့က နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အိမ်အတွင်း ဆိုလာပြားနဲ့ ဘတ္ထရီအိုးအားသွင်းထားတုန်းမှာ ဘတ္ထရီအိုးက အားအပြည့်လွန်ပြီး အပူလွန်ကဲ ပေါက်ကွဲကာ နေအိမ်ကို မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေရာကိုတော့ ပဲခူးတိုင်းဒေသကြီးတိုင်း မီးသတ်ဦးစီးမှူးနဲ့အဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေက ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရပါတယ်။

နေအိမ် ၃ လုံး မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးငွေ ကျပ် ၄ သိန်းခန့် ဆုံးရှုံးခဲ့ရပြီး မီးစတင် လောင်ကျွမ်းတဲ့အိမ်က ပေါ့ဆသူကို ပဲခူးမြို့မ ရဲစခန်းက အမှုဖွင့် ဖမ်းဆီး အရေးယူထားပါတယ်။

ပဲခူးမြို့နယ်မှာတော့ အခုမီးလောင်တာဟာ ၂၀၁၆ ခုနှစ်မှာပထမဦးဆုံးဖြစ်တယ်လို့ ပဲခူးမြို့နယ် မီးသက်ဦးစီးမှူး ဦးစန်းဦး ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013