
အမေရိကန်ပြည်ထောင်စုမှာ ဓာတ်ဆီနဲ့ ပေါင်းခံရည် အမျိုးအစား လောင်စာဆီ (distillate fuel oil) လက်ကျန်ပမာဏတွေ လျော့ကျသွားပြီး အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းပွဲတွေလည်း တိုးတက်မှု မရှိဘဲ ရပ်တန့်နေလို့ စက်တင်ဘာ ၃၀ ရက်မှာ နိုင်ငံတကာ ရေနံဈေးနှုန်းတွေ မြင့်တက် လာခဲ့ပါတယ်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့အပတ်က ဓာတ်ဆီနဲ့ ပေါင်းခံရည် အမျိုးအစားလောင်စာဆီ လက်ကျန်ပမာဏ နှစ်မျိုးစလုံး လျော့ကျသွားခဲ့တာပါ။
ဈေးကွက်ပိတ်ချိန်မှာ နယူးယောက် ကုန်သွယ်မှုဆိုင်ရာ စတော့အိတ်ချိန်းမှာ နိုဝင်ဘာလအတွက် Light Crude ရေနံဈေးနှုန်းမှာ ၁ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်လာပြီး တစည်ကို အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၄၂ နဲ့ ဈေးပိတ်ခဲ့ပါတယ်။
လန်ဒန် ICE Futures Exchange မှာတော့ နိုဝင်ဘာလအတွက် ဘရန့်ထ် ရေနံဈေးနှုန်းမှာ ၀ ဒသမ ၉၂ ရာခိုင်နှုန်း မြင့်တက်လာပြီး တစည်ကို ဒေါ်လာ ၁၀၃ ဒသမ ၅၃ နဲ့ ဈေးပိတ်ခဲ့ပါတယ်။
Source: Reuters










