DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီးလီယို အဆုတ်ကင်ဆာ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် ဆေးရုံဆင်း
DVB
·
October 18, 2026
Photo: REUTERS/Vincenzo Livieri
Photo: REUTERS/Vincenzo Livieri
Donate to DVB

ပုပ်ရဟန်းမင်းကြီး လီယိုဟာ အဆုတ်ကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ၄ ရက်အကြာမှာ ဗာတီကန်နန်းတော်ဆီ ပြန်ဖို့ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ ရောမမြို့က ဆေးရုံကနေ ဆင်းလာခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ရောမမြို့တော်က ဂျီမယ်လီဆေးရုံအပြင်ဘက်မှာ စောင့်နေတဲ့ ကားဆီ အကူအညီမယူဘဲ လမ်းလျှောက်သွားခဲ့ပြီး၊ အဲဒီနေရာမှာ ရှိနေသူတွေကို နှုတ်ဆက်စကားပြောခဲ့ပါတယ်။

သွေးစစ်တာတွေနဲ့ ရင်ဘတ်ပိုင်းဆိုင်ရာ ပုံရိပ်ဖော် စစ်ဆေးတာတွေ လုပ်အပြီးမှာ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော်ဆီ ပြန်နိုင်လောက်အောင် ကျန်းမာရေးကောင်းမွန်နေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်က ညာဘက်အဆုတ်ရဲ့ အောက်ပိုင်းကို ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့မှာ လူထုရှေ့မှာ တာဝန်ဝတ္တရားတွေကို စတင်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ စိန့်ပီတာရင်ပြင်မှာ ဘုရားဖူးလာသူတွေနဲ့အတူ အပတ်စဉ် ဆုတောင်းပွဲကို ဦးဆောင်ကျင်းပပေးမှာ ဖြစ်ပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013