
နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ကေပီရှာမားအိုလီကို မတ် ၂၈ ရက် ဒီကနေ့ မနက်က ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကဖြစ်ပွားခဲ့တဲ့ အဂတိလိုက်စားမှုဆန့်ကျင်ရေး ဂျန်ဇီ ဆန္ဒပြပွဲတွေ အတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရမှု ကို တားဆီးဖို့ ပျက်ကွက်ပေါ့လျော့ခဲ့မှု ရှိ မရှိ စုံစမ်းစစ်ဆေးဖို့ ဖမ်းဆီးလိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်ပြီး ကျောက်ကပ် လဲလှယ်မှု ၂ ကြိမ် လုပ်ထားဖူးတဲ့ ဝန်ကြီးချုပ်ဟောင်း အိုလီကို ဖမ်းဆီးပြီးနောက် ရဲစခန်းကတဆင့် ဆေးရုံကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။
ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ ကော်မတီက အိုလီကို ပေါ့လျော့မှုနဲ့ တရားစွဲဖို့ အကြံပြုထားပါတယ်။
ရက်ပ်ပါ ဂီတသမားကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ဘလန်ဒြာရှား ဝန်ကြီးချုပ်သစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တနေ့မှာပဲ သူ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
နီပေါနိုင်ငံမှာ ၂ ရက်ကြာ ဆန္ဒပြမှုအတွင်း လူစုစုပေါင်း ၇၆ ယောက် သေဆုံးခဲ့ပြီး ဒီအခြေအနေ ကြောင့်ပဲ အိုလီက ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters








