
စစ်ဘေးဒဏ်ရော ရေဘေးဒုက္ခဒဏ်ပါ ရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ရန်ပုံငွေရှာတဲ့ ကမ်ပိန်းတခုကို Spring Crowd Fund (နွေဦးလူထု ရန်ပုံငွေ) က ပြုလုပ်နေပါတယ်။
‘စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး” ဆိုတဲ့ ကမ်ပိန်းတရပ်ကို ဩဂုတ် ၁၀ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်သွားမယ်လို့ Spring Crowd Fund က ဆိုပါတယ်။
ဒီကမ်ပိန်းကနေ ရရှိလာမဲ့ အလှူငွေတွေ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဆီကို အမြန်ဆုံး လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေအတွက် တိုက်ရိုက် ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။
ဩဂုတ်လဆန်းကစပြီး စစ်ကိုင်းတိုင်းအပါအဝင် တိုင်းဒေသကြီး ၄ ခုမှာ မိုးတွေ အဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေတွေ ကြီးလာတဲ့အတွက် ပြည်သူတွေဟာ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေကြရတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ လူဦးရေ ၄ သိန်းကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရေးဘေး ကူညီလှူဒါန်းလိုသူတွေအနေနဲ့ ကမ်ပိန်းလင့်ဖြစ်တဲ့
https://app.springcrowdfund.org//c/i1Y1jk(https://app.springcrowdfund.org/c/i1Y1jk မှာ ဝင်ရောက်လှူဒါန်းနိုင်တယ်လို့ SCF က ဆိုပါတယ်။
မြတ်သဇင်










