ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တူရကီသမ္မတ တေယစ်ပ် အာဒိုဂန်တို့ဟာ အခုနှစ်ကုန်မှာ ပြီးစီးဖို့ မျှော်လင့်ရတဲ့ အာကူယူ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ ပထမဆုံးစွမ်းအင်ယူနစ် ပြီးစီးခြင်း အပါအဝင် စွမ်းအင်ကဏ္ဍမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
နှစ်နိုင်ငံဆွေးနွေးပွဲတွေကို စက်တင်ဘာ ၁ ရက်က ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ ကျင်းပခဲ့ပါတယ်။
အာကူယူ နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ တူရကီ-ရုရှား ဆက်ဆံရေးမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါတယ်လို့ အာဒိုဂန်က ပြောပါတယ်။
အာကူယူရဲ့ ပထမဆုံးစွမ်းအင်ယူနစ်ကို စတင်လိုက်တာနဲ့ တပြိုင်နက် နှစ်နိုင်ငံဟာ စွမ်းအင်စီမံကိန်း အသစ်တွေကို ဆွေးနွေးဖို့ ခြေလှမ်းတွေ စမယ်လို့ အာဒိုဂန်က ထပ်ပြောပါတယ်။ ပူတင်ကလည်း လုပ်ငန်းတွေကို အချိန်ဇယားအတိုင်း ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
ရုရှားနဲ့ တူရကီတို့ဟာ ရုရှား VVER‑1200 ဓာတ်ပေါင်းဖို ၄ လုံးပါတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ဖို့ ၂၀၁၀ ခုနှစ်မှာ သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးခဲ့ပေမဲ့ စီမံကိန်းဟာ နှောင့်နှေးမှုတွေ၊ ဗျူရိုကရေစီဆိုင်ရာ အခက်အခဲတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပါတယ်။
ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း ရိုဆာတွန်မ်ဟာ စက်ရုံတည်ဆောက်မှုကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
မူလက စီစဉ်ထားတဲ့ ၂၀၂၃ ခုနှစ်ကနေ အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ပြီး အခု ၂၀၂၆ နှစ်ကုန်ပိုင်းမှာ ပြီးစီးဖို့ မျှော်လင့်ရပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားအစိုးရက ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ စတင်ပြီးတဲ့နောက် စီမံကိန်းအပေါ် ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။
ရိုဆာတွန်မ်က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအတွက် ပစ်မှတ်ထားမခံရပေမဲ့ ငွေပေးချေမှုတွေနဲ့ တခြားပြဿနာတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။
Source: Reuters











