DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို ကားတိုက်မှုတွင် သေဆုံးခဲ့သူဟာ CIA အရာရှိဖြစ်ဟုဆို
DVB
·
May 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပြီးခဲ့တဲ့လက မက္ကဆီကို မြောက်ပိုင်းမှာ ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ အမေရိကန်အရာရှိတွေ ထဲက တယောက်ကို CIA အရာရှိလို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အဲဒီလူကို မတော်တဆမှုမဖြစ်ခင် ရက်ပိုင်းအလိုမှာ ဒေသခံလုံခြုံရေးရုံးတခုအတွင်း သေနတ်ကိုင်ထားတာ တွေ့ခဲ့ရတယ်လို့ ချီဝါးဝါပြည်နယ် ရှေ့နေချုပ်ရုံးရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဝင်ဒီချာဗက်ဇ်က ပြောပါတယ်။ 

“ဧပြီ ၁၆ ရက်နေ့မှာ နိုင်ငံခြားသားလို့ ယူဆရသူတယောက်ကို အဲဒီအဆောက်အအုံထဲမှာ တွေ့ရပါတယ်။ သူ့ညာလက်မှာ ရိုင်ဖယ်သေနတ်တလက်ကို ဒေါင်လိုက်ကိုင်ထားပြီး အသုံးပြုဖို့ ရည်ရွယ်ချက်ရှိတဲ့ အမူအရာတော့ မတွေ့ရပါဘူး။”

ပုံမှန်အားဖြင့် အမေရိကန်အစိုးရအရာရှိတွေဟာ မက္ကဆီကိုမှာ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။

ဧပြီ ၁၉ ရက်က မိုးရေးလို့စ်မြို့နယ်အတွင်း တရားမဝင် မူးယစ်ဆေးထုတ်လုပ်တဲ့ လျှို့ဝှက်စက်ရုံတွေကို ဖျက်ဆီးတဲ့ စစ်ဆင်ရေးအပြီး ကားမတော်တဆမှု ဖြစ်ပွားခဲ့ပြီး၊ အဲဒီဖြစ်စဉ်မှာ အမေရိကန်အရာရှိ ၂ ယောက်နဲ့ မက္ကဆီကို ပြည်နယ်အရာရှိ ၂ ယောက် သေဆုံးခဲ့ပါတယ်။

မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ကတော့ အမေရိကန်သံရုံးအရာရှိတွေဟာ မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် မြောက်ပိုင်းပြည်နယ် ချီဝါဝါနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို သူ့အနေနဲ့ မသိရှိထားကြောင်း ပြီးခဲ့တဲ့လက ပြောပါတယ်။

ဒါ့အပြင် ဒီစစ်ဆင်ရေးဟာ နိုင်ငံတော်လုံခြုံရေး ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိ အစိုးရအနေနဲ့ ပြန်လည်စစ်ဆေးသွားမယ်လို့လည်း ရှိန်းဘောင်းမ်က ဆိုပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013