
ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်လူ ကိုင်စီဒိုဟာ တရားဝင် မောင်းနှင်ခွင့်လိုင်စင်နဲ့ အာမခံမရှိဘဲ ကားမောင်းခဲ့တာကြောင့် ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။
ကိုင်စီဒိုဟာ ပေါင် ၁၆၀,၀၀၀ တန်ကြေးရှိတဲ့ အော်ဒီ စူပါကားကို မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဥပဒေချိုးဖောက်မှုကြောင့် ကစားသမားရဲ့ ယာဉ်မောင်းလိုင်စင်မှာ ပြစ်ဒဏ် ၈ မှတ် သတ်မှတ်ခံခဲ့ရသလို ငွေဒဏ်လည်း ရိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အီကွေဒေါ လက်ရွေးစင် ကစားသမားဖြစ်သူ ကိုင်စီဒိုဟာ ဗြိတိန်မှာ တရားဝင် မောင်းနှင်ခွင့်မရှိဘဲ စူပါကားမောင်းခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
အင်္ဂလန် ယာဉ်စည်းကမ်းဥပဒေအရ လိုင်စင်နဲ့ အာမခံမရှိဘဲ မောင်းနှင်တာကြောင့် အခုလို ပြင်းထန်တဲ့ပြစ်ဒဏ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုင်စီဒိုအနေနဲ့ သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။











