DVB Logo
Home
မြန်မာသတင်း
ဒလ တံတားတည်ဆောက်ရန် ကိုရီးယားက ဒေါ်လာ ၁၃၈ သန်းချေး
DVB
·
November 18, 2015
ဒလ တံတားတည်ဆောက်ရန် ကိုရီးယားက ဒေါ်လာ ၁၃၈ သန်းချေး
Donate to DVB

ရန်ကုန်တဖက်ကမ်းဒလနဲ့ ပန်းဆိုးတန်းကို ဆက်သွယ်မယ့် ကိုရီးယား- မြန်မာ ချစ်ကြည်ရေး မြစ်ကူး(ဒလ) တံတားတည်ဆောက်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက မြန်မာကို    အမေရိကန် ဒေါ်လာ ၁၃၈ သန်းချေး ထုတ်ချေးဖို့ သဘောတူလိုက်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါ တယ်။

ဒလတံတားအတွက် ကန် ဒေါ်လာ ၁၃၈ သန်းနဲ့  ရထား လူစီးတွဲအသစ် ၁ဝဝ ဝယ်ယူဖို့ကန် ဒေါ်လာ ၄၅ သန်းကို ကိုရီးယား စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF)က ချေးဖို့  မြန်မာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ကိုရီးယား ပို့ကုန် သွင်းကုန်ဘဏ်တို့အကြား နိုဝင်ဘာ ၁၆ ရက်နေ့က  နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ကြတာပါ။

ဒလတံတားတည်ဆောက်ဖို့ အမေရိကန် ဒေါ်လာ ၁၆၈ သန်းလောက် ကုန်ကျမယ်လို့  ခန့်မှန်း ထားတဲ့အနက် ကိုရီယားနိုင်ငံက အတိုးနှုန်း သက်သာစွာနဲ့ အမေရိကန် ဒေါ်လာ ၁၃၈ သန်းကို နှစ် ၄ဝ ချေးမယ်လို့ ဆိုပါတယ်။

အသစ်ဖောက်လုပ်မယ့် ဒလတံတားဟာ  အရှည် ၂၂၄၃ မီတာ၊ အမြင့် ၄၈မီတာ၊ အကျယ် ၂၄၃ မီတာရှိမှာဖြစ်ပြီး  မြန်မာနိုင်ငံမှာ အရှည်ဆုံး တံတားဖြစ်မယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013